Wednesday, August 3, 2016

အဲလက်စ်ဆောင်းကို ရူဘင်ကာဇန်အသင်းခေါ်ယူ


The Mirror Daily's photo.
ရုရှားကလပ်အသင်း ရူဘင်ကာဇန်အသင်းသည် ဘာစီလိုနာ ကွင်းလယ်လူဟောင်း အဲလက်စ်ဆောင်းကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက်(၂၈) နှစ်ရှိ ဆောင်းမှာ ရူဘင်ကာဇန်အသင်းတွင် အငှားဖြင့် ကစားရမည်ဟုသာ မျှော်လင့်ခဲ့သော်လည်း အမြဲတမ်း စာချုပ်ဖြင့် ခေါ်ယူခံခဲ့ရခြင်းဖြစ်သည်။
ဆောင်းသည် ၂ဝ၁၂ ခုနှစ်တွင် အာဆင်နယ်မှ ဘာစီလိုနာသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး နောက် ၆၅ ပွဲဝင်ရောက်ကစားခဲ့ရာ တစ်ဂိုးသာ သွင်းယူ နိုင်ခဲ့သည်။ ယင်းနောက် ပြီးခဲ့သည့် နှစ်ရာသီအတွင်း ပရီမီယာလိဂ်ကလပ် ဝက်စ်ဟမ်းတွင် အငှားဖြင့် ကစားနေခဲ့ ပြီးနောက် ယခုနှစ်တွင် ရူဘင်ကာဇန်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
မေလဲ့သင်း - စုစည်းရေးသားသည်

No comments:

Post a Comment