Wednesday, August 3, 2016

ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း သိမ်းဆည်းရမိ


The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁ ရက်က နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်းအနီး လမ်းမပေါ်တွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ စိုင်းလှမောင် မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ စိတ်ြ<ွကရူးသွပ်ဆေးပြားတစ်သိန်း သိမ်းဆည်းရမိသည်။
အလားတူ ယင်းနေ့က မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ဝမ်မိုင် ရွာ အမှတ်(၁၅)နေ မအားဒို၏နေအိမ်ကိုရှာဖွေရာ ၄င်းနှင့်အတူ တင်မောင် လွင်၊ ရဲဇော်ဇော်နှင့် ကျော်မြင့်နိုင်တို့အား တွေ့ရှိပြီး ¤င်းတို့ထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၈၈ ပြား၊ အိုက်စ် ၁၂၅ ဂရမ်နှင့် ၃၈ SPL AP ၁၅ ကျည် ၁၈ တောင့်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မြဝတီမြို့ (၄)ရပ်ကွက် ရွှေပန်းခြံ တည်းခိုခန်းအနီးတွင် သင်္ဃန်းညီနောင်ကျေးရွာဘက်မှ မြဝတီမြို့ဘက်သို့ စောမုန်တိုင်းမောင်းနှင်လာသော မော်တော်ယာဉ်ကို ရှာဖွေ ရာ ကိုးလက်မကျည် ငါးတောင့်ထည့်လျက် လုပ်သေနတ်အတိုတစ်လက်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၅ ပြားတို့ကို သိမ်းဆည်းရမိသဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment