Monday, August 29, 2016

ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ လွဲချော်နေဦးမယ့် စီရော်နယ်ဒို


ကောင်းမြတ်သူ-စုစည်းသည်

ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေါ်တူဂီ ရဲ့ နာမည်ကြီးဘောလုံးသမား စီရော်နယ်ဒိုဟာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်နေ ဦးမယ်လို့ သိရပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ယူရို ၂ဝ၁၆ ဗိုလ်လုပွဲအပြီး ဒူးခေါင်းဒဏ်ရာ ပြန်လည်ကောင်းမွန်စပြုနေပြီဖြစ်သော်လည်း ပြိုင်ပွဲ မှာ ပါဝင်ကစားနိုင်ဦးမှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက ဆိုပါတယ်။

နွေရာသီ အစောပိုင်းက ဥရောပချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ လာမယ့်စက်တင်ဘာ ၆ ရက်မှာ ဘေဆယ်မြို့မှာ ဆွစ်ဇာလန်အသင်းနဲ့ က္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲမှာ ပေါ်တူဂီဟာ စီရော်နယ်ဒိုမပါဘဲ ကစားရဖို့ရှိနေပါတယ်။ စီရော်နယ်ဒိုရဲ့ နေရာမှာ မိုနာကိုအသင်းတိုက်စစ်မှူး ဘနာဒို ဆေးလ်ဗားက ဝင်ရောက်ကစားမှာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ စက်တင်ဘာ ၁ ရက်မှာ ဂျီဘရော်တာအသင်းနဲ့လည်း ချစ်ကြည်ရေးပွဲကစားဖို့ရှိပါတယ်။

No comments:

Post a Comment