Monday, August 29, 2016

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ခြေစစ်ပွဲမှာ ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်မလဲ

မိုးမြင့်လင်းလက်

ဒီတစ်ပတ်ကြားရက်ဖြစ်တဲ့ စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်တွေမှာ ၂ဝ၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲတွေ ကစားဖို့ရှိနေပါတယ်။ ပရီမီယာလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါ နဲ့ စီးရီးအေပွဲတွေနဲ့ စည်ဝေနေတဲ့ ဒီသတင်းပတ်မှာ ကြားရက်ပွဲတွေကလည်း ရှိနေပြန် တာကြောင့် ပရိသတ်တွေကတော့ နေ့ရက်တိုင်း ရင်ခုန်ကြရဦးမှာဖြစ်ပါတယ်။ ၂ဝ၁၈ ကမ္ဘာ့ဖလားပွဲမှာ အာရှဇုန်က ဘယ်အသင်းတွေခြေစစ်ပွဲအောင်သွားမလဲဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ။ အုပ်စုနှစ်စုခွဲပြီး ကစားမယ့် ဒီပွဲစဉ်တွေမှာ အုပ်စုပထမ နဲ့ ဒုတိယရရှိတဲ့ အသင်းလေးသင်းဟာ တိုက်ရိုက်ခြေစစ်ပွဲအောင်ပြီး တတိယနေရာ က နှစ်သင်းကတော့ ထပ်ဆင့်ခြေစစ်ပွဲကစားဦးမှာဖြစ်ပါတယ်။

သြစတြေးလျနှင့် အီရတ်
အုပ်စု(ခ)မှာ သြစတြေးလျနဲ့ အီရတ်အသင်းတွေ ပါဝင်နေပါတယ်။ သြစတြေးလျ နဲ့ အီရတ်အသင်းတို့ရဲ့ ကစားအားကိုကြည့်ရင် သြစတြေးလျနောက်ဆုံးသုံးပွဲ ကစား ခဲ့တဲ့ရလဒ်ကိုကြည့်ရင် ဂရိကို တစ်ပွဲနိုင် တစ်ပွဲရှုံး၊ အင်္ဂလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားပါတယ်။ အီရတ်တို့က မြောက်ကိုရီးယားအသင်းကို တစ်ဂိုးစီသရေကစားနိုင်ခဲ့ ပေမယ့် ကာတာနဲ့ ဥဇဘတ်အသင်းတွေကို ရှုံးပွဲကြုံထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက် ဆုံး ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင် သြစတြေးလျတို့ချည်း နိုင်ပွဲရရှိခဲ့တာမို့ အခုပွဲမှာ လည်း သြစတြေးလျတို့ပဲ သုံးမှတ်အပြည့်ရယူသွားပါလိမ့်မယ်။

ဂျပန်နှင့် ယူအေအီး
ဘူလ်ဂေးရီးယားကို ခုနစ်ဂိုးနဲ့ ဆီးရီးယားကို ငါးဂိုးပြတ်သွင်းကာ နိုင်ပွဲရယူထားတဲ့ ဂျပန်အသင်းဟာ ဘော့စနီးယားကို နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တာကတော့ ဘဝင်မကျစရာ ပါပဲ။ ယူအေအီးတို့ကတော့ ဆီးရီးယားကို ရှုံးပြီး လီဗန်တေးကို ဂိုးမရှိသရေကစားကာ မာစီယာအသင်းကိုတော့ လေးဂိုး-တစ်ဂိုးနဲ့ နိုင်ထားပါတယ်။ ဂျပန်ရဲ့ လက်ရှိခြေစွမ်း အရ ယူအေအီးတို့ နိုင်ဖို့မလွယ်ပါဘူး။

အီရတ်နှင့် ကာတာ
အီရန်တို့ရဲ့ လောလောဆယ်ခြေစွမ်းကိုကြည့်ရင် ကာဂျစ်စတန်၊ မက်ဆီဒိုးနီးယား အသင်းတွေကို နိုင်ပွဲဆက်တိုက်ရယူထားပါတယ်။ ကာတာရဲ့ ကစားအားကလည်း ဂျော်ဒန်၊ အီရတ်၊ အယ်လ်ဘေးနီးယားအသင်းတွေကို ပွဲဆက်အနိုင်ယူထားတာမို့ အကောင်းဆုံးခြေစွမ်းရရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး သုံးပွဲကိုကြည့်ရင် အီရန်က နှစ်ပွဲနိုင်ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ အကြိုက်က အီရန်ဖြစ်ပေမယ့် သရေပွဲလည်း ဖြစ်သွားနိုင်ပါတယ်။

ဆော်ဒီအာရေဗျနှင့် ထိုင်း
အရှေ့တီမောအသင်းကို ၁ဝ ဂိုးပြတ်သွင်းပြီး နိုင်ပွဲရယူထားတဲ့အပြင် မလေးရှား အသင်းကို နှစ်ဂိုးပြတ်သွင်းကာ အောင်ပွဲခံခဲ့တဲ့ ဆော်ဒီအာရေဗျအသင်းဟာ ယူအေ အီးအသင်းကိုတော့ တစ်ဂိုးစီသရေပွဲဖြစ်ထားပါတယ်။ ဆော်ဒီအာရေဗျနဲ့ ထိုင်းတို့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုရလဒ်ကိုကြည့်ရင် ထိုင်းတို့တစ်ပွဲမှ မနိုင်ခဲ့ပါဘူး။ လက်ရှိ ပွဲကလည်း ဆော်ဒီအာရေဗျအိမ်ကွင်းဖြစ်တာမို့ ထိုင်းတို့အမြင့်ဆုံးမျှော်မှန်းနိုင်တာ က တစ်မှတ်ပါပဲ။

တောင်ကိုရီးယားနှင့် တရုတ်
ချက်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့နိုင်ပြီး ကူဝိတ်ကို သုံးဂိုးပြတ်နဲ့ နိုင်ပွဲရထားတဲ့ တောင်ကိုရီးယားတို့က စပိန်ကိုတော့ ခြောက်ဂိုး-တစ်ဂိုးနဲ့ ရှုံးထားပါတယ်။ တရုတ် တို့ကတော့ ထရီနီဒက်နဲ့ ကတာကို နိုင်ပွဲဆက်ထားပေမယ့် ကာဇက်စတန်ကိုတော့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု သုံးပွဲရလဒ်ကိုကြည့် ရင် တစ်ပွဲစီနိုင်ပြီး သရေတစ်ပွဲဖြစ်ထားပါတယ်။ လက်ရှိခြေစွမ်းအရ တောင်ကိုရီးယား ရဲ့ကွင်းလည်းဖြစ်ပြီး ခြေစွမ်းပိုင်းမာကျောတဲ့ အိမ်ရှင်တောင်ကိုရီးယားတို့ပဲ ကပ်ပြီး အနိုင်ရသွားပါလိမ့်မယ်။

ဥဇဘတ်ကစ္စတန်နှင့် ဆီးရီးယား
ဥဇဘတ်အသင်းဟာ အသင်းလိုက်ကစားအားကောင်းပြီး ပွဲပြီးတဲ့အထိ ကစား အား မချဘဲ ရုန်းကန်နိုင်တဲ့ ပါဝါရှိပါတယ်။ ဆီးရီးယားတို့ကတော့ နောက်ဆုံးသုံးပွဲ ကစားခဲ့တဲ့ ယူအေအီး၊ ထိုင်း၊ ဗီယက်နမ်အသင်းတွေနဲ့ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရခဲ့ပါဘူး။ ဥဇဘတ်တို့က အီရတ်၊ ဘာရိန်းအသင်းတွေကို ဖိအားပေးကစားနိုင်ခဲ့သလို အနိုင် ရအောင်လည်း အားထုတ်နိုင်ပါတယ်။ ဒီနှစ်သင်းရဲ့ ကစားအားနဲ့ စွမ်းဆောင်မှုကိုကြည့် ရင် ဥဇဘတ်တို့ပဲ ဂိုးမပြတ်ပေမယ့် နိုင်ပွဲရသွားပါလိမ့်မယ်။ ။

No comments:

Post a Comment