Monday, August 29, 2016

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများလှူ




နေပြည်တော် သြဂုတ် ၂၈

နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပရိ ယတ္တိစာသင်တိုက်များ၊ သာသနာ့ နွယ်ဝင် သီလရှင်စာသင်တိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်း ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီ တွင် တပ်ကုန်းမြို့ရှိ ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် တပ်ကုန်းမြို့နယ် မဟာသီဟနာဒ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒ္တ အာစ္ဏိ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များ၊ သီလရှင် ဆရာကြီးများ ကြွရောက်တော်မူကြပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့် ထွန်း၊ နေပြည်တော် ကောင်စီဝင်များ၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဝတ်အသင်းအဖွဲ့ များ တက်ရောက်ကြသည်။
တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များက ဆွမ်း ဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများ အား မဟာသီဟနာဒ ပရိယတ္တိစာသင် တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ထံ ဆက်ကပ်လှူဒါန်းကြသည်။ ယ င်း နောက် ဆွမ်းပဒေသာပင် အလှူ ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် တာဝန်ရှိသူ များက လက်ခံကြသည်။
နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာ့ နွယ်ဝင် သီလရှင်စာသင်တိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် စေတနာရှင် ပြည်သူများက ၂ဝဝ၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိ ပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူ ငွေကျပ် ၈၆၄၅ဝဝဝ ၊ ဆန် ၆၄၁ အိတ် ၈ ပြည်၊ ဆီ ၁၅၁ ပိဿာ ၁ဝ ကျပ်သား၊ ပဲ ၁၄၄၁ ပိဿာ၊ ဆား ၁၄၄၁ ပိဿာ၊ ငရုပ်သီးမှုန့် ထုပ် ၄၂ဝဝ ၊ ငါးပိထောင်းဘူး ၁ဝဝဝ ၊ နနွင်းမှုန့်ထုပ် ၁၄ဝဝ ၊ မဆလာ ထုပ် ၁၄ဝဝ ၊ ဆေးမျိုးစုံဘူး ၈ဝ၄ဝ နှင့် လှူဖွယ်ခြင်း ၃၁ ခြင်းတို့ ဖြစ်ကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments:

Post a Comment