ကဘူး သြဂုတ် ၂၈
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ခရိုင်တစ်ခုကို တာလီဘန်စစ်သွေးကြွများက သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့နှင့် ကြည်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အာဖဂန်နစ္စတန်အရှေ့ပိုင်း ပက်တီယာပြည်နယ် ဂျာနီးကယ်ခရိုင်ကို တာလီဘန် စစ်သွေးကြွများက အပြင်းအထန်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များမှာ ယင်းခရိုင်မှ ဆုတ်ခွာပေးခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဗ္ဗဒူလ်ရာမန် ဆိုလာမားက ပြောကြားသည်။
ဂျာနီးကယ်ခရိုင်မှာ မဟာဗျူဟာအရ အရေးပါသောနေရာတွင်တည်ရှိပြီး ယင်းခရိုင်နှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံအကြား ဆက်သွယ်ထားသောလမ်းများ ရှိနေသည်။
တာလီဘန်စစ်သွေးကြွများသည် ဂျာနီးကယ်ခရိုင်ကို ငါးရက်နီးပါးမျှ ပိတ်ဆို့ထားခဲ့ပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ရာ ဒေသခံလုံခြုံရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးခဲ့ရကြောင်း ရာမန်က ပြောကြားသည်။
ရိုက်တာ။
No comments:
Post a Comment