Tuesday, August 30, 2016

ဆီမီးခုံကျေးရွာရဲစခန်းမှ လှည့်ကင်းဆောင်ရွက်စဉ် သွားလာရေးအခက်အခဲဖြစ်နေသူများအား ကူညီ



Image may contain: 5 people , outdoor and nature
မြင်းခြံ သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ် ဆီမီးခုံတိုက်နယ်ကျေးရွာရှိ ဆီမီးခုံရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့တာဝန်ကျရာ ကျေးရွာများရှိ ပြည်သူများစိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးကို အစဉ်အမြဲ ဆောင်ရွက်ကာ လှည့်ကင်းများလည်း အဖွဲ့လိုက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လှည့်ကင်းများဆောင်ရွက်ရာတွင် ဆီမီးခုံစခန်းမှူး ရဲအုပ်ခင်မောင်စိုး ဦးစီးတပ်ဖွဲ့ဝင်များသည် ရွာစဉ်တစ်လျှောက်လှည့်ကင်းဆောင်ရွက်သွားလာနေစဉ် သြဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကတောကျေးရွာနှင့် ရွာရှည်ကျေးရွာအကြား ရေကျော်နေရာတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မိုးရေများစုပေါင်းစီးဆင်းကာ များပြားလာမှုကြောင့် ခရီးသွားပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ သွားလာရေးခက်ခဲနေ သည်ကိုတွေ့ရှိရသဖြင့် ရဲအုပ်ခင်မောင်စိုးနှင့်အဖွဲ့သည် ဆိုင်ကယ်များကို ကူညီသယ်ဆောင်ပေးခြင်း၊ အသက်အရွယ်ကြီးသူများနှင့် အမျိုးသမီးများကို တွဲ၍လည်းကောင်း၊ ကျောင်းသားငယ်နှင့် ကလေးသူငယ်များကို ချီပိုး၍လည်းကောင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment