Tuesday, August 30, 2016

ထန်းတပင်မြို့နယ် ဘောလယ်ကျွန်း ရေဘေးသင့်ပြည်သူများအားဖြူစင်မေတ္တာပရဟိတ လူမှုရေးအသင်းက သွားရောက်လှူဒါန်း



Image may contain: 11 people , indoor
ရန်ကုန် သြဂုတ် ၂၉
ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ် မြစ်ကမ်းပါးနှင့်နီးသော ဘောလယ်ကျွန်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာအုပ်စုများမှ ရေဘေးသင့် ပြည်သူများထံသို့ ယင်းမြို့နယ်ရှိ အတွင်းသဲဖြူကျေးရွာမှ စေတနာ အလှူရှင်များဖြင့် ဖွဲ့စည်းထားသည့် ဖြူစင်မေတ္တာပရဟိတ လူမှုရေးအသင်းသည် သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီက သွားရောက်၍ လှူဒါန်းခဲ့ရာ စုရပ်ဖြစ်သော ဘောလယ်ကျွန်း၊ တော်လတဲ့ကျေးရွာရှိ ရတနာ့ဗိမာန်ကျောင်းတိုက်ကြီး ဓမ္မာရုံ၌ ဆန်တစ်တင်းခွဲအိတ် ၅ဝ၊ ရေသန့်ဘူးကြီးကတ် ၃ဝဝ နှင့် အဝတ်အထည်မျိုးစုံ ၁ဝဝဝ တို့ကို ကျေးရွာဒေသခံတာဝန်ရှိသူတို့က လက်ခံရယူကြပြီး ရေဘေးသင့်ပြည်သူများအား လိုက်လံ၍ ခွဲဝေလှူဒါန်းပေး ခဲ့ကြသည်။
ဘောလယ်ကျွန်းမြစ်ကြောင်းတစ်လျှောက်ရှိ ရေဘေးသင့် ကျေးရွာများမှ မဲပလီ၊ လှည်းဆိပ်၊ တော်လတဲ့၊ ကျားမန်း၊ ကျွဲကူး၊ ရေဖြူ၊ တလိုင်မီ၊ ဘူးသနွတ်၊ ဘောလယ်နှင့် နဲသမိန် ကျေးရွာအုပ်စုများ ဖြစ်ကြသည့် အိမ်ထောင်စု ၅ဝဝ နီးပါးတို့အား အဆိုပါ ဓမ္မာရုံကြီးနှင့် အခြားဘုန်း တော်ကြီးကျောင်းများ၌လည်း ကယ်ဆယ်ရေးစခန်းများဖွင့်၍ ရေဘေး သင့်ပြည်သူများ ထားရှိကြောင်း နှင့် ယခုလိုလာရောက်လှူဒါန်းပေးသော ပရဟိတလူမှုရေးအသင်းများအား ရေဘေးသင့်ပြည်သူများ ကိုယ်စား ဦးအောင်ကိုဝင်းနှင့် ဦးဝင်းမြင့်တို့က ကျေးဇူးတင်ရှိကြောင်း၊ ယခင်နှစ်ကထက် တက်ရေက တစ်ပေကျော် တက်သည့်အတွက် ဒုက္ခရောက်နေကြသည့် ပြည်သူများကို လူသားချင်းစာနာသော အသိစိတ်ဖြင့် လှူဒါန်းကူညီပေးခြင်းအား အထူးဝမ်း မြောက် ဂုဏ်ယူပါကြောင်း ပြောကြား ခဲ့ကြသည်။
ဖြူစင်မေတ္တာ ပရဟိတအသင်း သည် ပြီးခဲ့သည့်သြဂုတ် ၁၄ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အင်းမကျေးရွာ အုပ်စုရှိ ရေဘေးသင့်ပြည်သူများထံ သို့ ငွေကျပ် ၅၅ သိန်းခန့် တန်ဖိုးရှိ ဆန်နှင့် စားသောက်ကုန်၊ ဆေးဝါး ပစ္စည်းများ၊ အဝတ်အထည်များ၊ ရေသန့် ဘူးကတ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဉာဏ်ဟိန်း(အင်းစိန်)

No comments:

Post a Comment