Tuesday, August 30, 2016

အသက်(၁၄၅)နှစ်ရှိ အင်ဒိုနီးရှားနိုင်ငံသား ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်ဖွယ်ရှိ



Image may contain: 1 person
လန်ဒန် သြဂုတ် ၂၉
အင်ဒိုနီးရှားနိုင်ငံသား အမျိုးသားတစ်ဦးသည် ၎င်း၏ အသက်(၁၄၅)နှစ်ရှိပြီဟု အခိုင်အမာပြောကြားလိုက်ရာ ၎င်းသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားရှိသူ အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာဖွယ်ရှိကြောင်း ပီတီအိုင် သတင်းတွင် ဖော်ပြသည်။
အမ်ဘာဂိုသို အမည်ရှိ အင်ဒိုနီးရှားနိုင်ငံသားသည် ၁၈၇ဝ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ဂျာဗားပြည်နယ် အလယ်ပိုင်းဒေသ ဆရာဂျင်မြို့၌ မွေးဖွားခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူများက အတည်ပြုသော အထောက် အထားများအရ သိရသည်။
ယင်းအထောက်အထားများ မှန်ကန်ခဲ့ပါက ယင်းအင်ဒိုနီးရှားနိုင်ငံသားသည် ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဘွဲ့ကို လက်ရှိ ရယူထားသည့် အသက် ၁၂၂ ရှိ ပြင်သစ်နိုင်ငံသား ဂျနီးကလီးမင့်ထံမှ လွှဲပြောင်းရယူကာ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်လာမည်ဖြစ်သည်။
ဂိုသိုသည် ၎င်း၏ မွေးချင်း ညီအစ်ကို မောင်နှမ ၁ဝ ဦး၊ ဇနီးလေးဦးနှင့် ၎င်း၏ သားသမီးအားလုံးထက် အသက်ရှင်ကျန်ရစ်နေပြီး ၎င်း၏ မြေးများ၊ မြစ်များနှင့် တီများသာ သက်ရှိထင်ရှားရှိနေကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်တွင် ထုတ်ဝေသော ဆန်းသတင်းစာက ဖော်ပြသည်။ သို့သော်လည်း အင်ဒိုနီးရှားလူမျိုး ဘိုးသက်ရှည်မှာ လတ်တလောတွင် သေခြင်းကိုသာ အလိုရှိနေသည်။ ဂူသင်္ချိုင်းမြေနေရာအတွက် ဝယ်ယူထားသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ခန့်ကပင်ဖြစ်ကြောင်း အမ်ဘာဂိုသိုက ပြောကြားသည်။
၎င်းအား ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စာရင်းသွင်းနိုင်ရေးမှာမူ သေချာမှု မခိုင်မာသေးကြောင်း၊ အဘယ်ကြောင့်မူ ၎င်း၏ စာရွက်စာတမ်းများ မှန်ကန်ကြောင်း အတည်မပြုနိုင်သေး၍ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပီတီအိုင်။

No comments:

Post a Comment