Tuesday, August 30, 2016

အာကာသဒုံးပျံယာဉ်အင်ဂျင်သစ် အိန္ဒိယ စမ်းသပ်မှုအောင်မြင်



Image may contain: fire
နယူးဒေလီ သြဂုတ် ၂၉
အိန္ဒိယနိုင်ငံသည် အာကာသဒုံးပျံအင်ဂျင်အမျိုးအစားသစ်ကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
စူပါဆိုးနစ် ပေါက်ကွဲအား ရမ်ဂျက် (စခရမ်ဂျက်)ဟု အမည်ပေးထားသော ဒုံးပျံအင်ဂျင်အမျိုးအစားသစ်ကို အိန္ဒိယနိုင်ငံတောင်ပိုင်း ဆရီဟာရီကိုတာ အာကာသစခန်းတွင် စမ်းသပ်ခဲ့ကြောင်း အိန္ဒိယအာကာသသုတေသနအဖွဲ့(အိုင်အက်စ်အာအို)က ထုတ်ပြန်ကြေညာသည်။
ဒုံးပျံယာဉ်တစ်စင်းကို အသုံးပြု၍ အင်ဂျင်အမျိုးအစားသစ်ကို စမ်းသပ်ခြင်းဖြစ်ပြီး စမ်းသပ်မှုအောင်မြင်ကြောင်း အိုင်အက်စ်အာအို အကြီးအကဲ ကီရန်ကူးမားက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
သုံးတန်အလေးချိန်ရှိ စခရမ်ဂျက်ကို အဆင့်မြင့် နည်းပညာသုံး ဒုံးပျံယာဉ်ဟုလည်း ခေါ်တွင်သည်။ အဆိုပါ အာကာသဒုံးပျံယာဉ် အင်ဂျင်သည် ပေါက်ကွဲအားဖြစ်ပေါ်စေရန် ကမ္ဘာ့လေထုလွှာအတွင်းမှ အောက်ဆီဂျင်ဓာတ်ကိုရယူကြောင်း ကူးမားက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment