Tuesday, August 30, 2016

စင်ကာပူ၌ ဇီကာဗိုင်းရပ်(စ်)ပိုး ပထမဆုံးကူးစက်



Image may contain: 1 person
စင်ကာပူ သြဂုတ် ၂၉
စင်ကာပူနိုင်ငံ၌ နေထိုင်ကာ အလုပ်လုပ်ကိုင်နေသူ မလေးရှားအမျိုးသမီးတစ်ဦးသည် ဇီကာ ဗိုင်းရပ်(စ်)ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း၊ စင်ကာပူနိုင်ငံအတွင်းမှာပင် ဇီကာ ဗိုင်းရပ်(စ်)ပိုး ဆက်လက်ကူးစက်မှုရှိလာမည့်အရေးအတွက် စိုးရိမ်ပူပန်ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အသက်(၄၇)နှစ်အရွယ်ရှိ မလေးရှားအမျိုးသမီးသည် မကြာသေးမီကာလအတွင်း ဇီကာ ဗိုင်းရပ်(စ်)ပိုးကျရောက်နေသည့် ဒေသများသို့ ခရီးသွားရောက်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းသည် စင်ကာပူနိုင်ငံအတွင်းမှာပင် ဇီကာဗိုင်းရပ်(စ်)ကူးစက်ခံခဲ့ရဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနနှင့် အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီတို့က ပူးတွဲထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
ယခုနှစ်မေလတွင် စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် ဇီကာဗိုင်းရပ်(စ်)ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းဗိုင်းရပ်(စ်)ပိုးမှာ ပြည်ပမှ ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံအတွင်း တစ်ဦးမှ အခြားတစ်ဦးသို့ ထပ်မံကူးစက်သည့် ဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြသည်။
ကျိုဒို။

No comments:

Post a Comment