နေပြည်တော် သြဂုတ် ၂၇
ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့်
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုးများအား
ပြန်လည်ပြုပြင်ရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်
ပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ပြတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံ- ညောင်ဦးဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများမှ လှူဒါန်း သည့် အလှူငွေ$ကျပ် သိန်း ၁ဝဝဝ ကို ပေးအပ်လှူဒါန်းသည်။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တိုင်း/တပ်မများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ လှူဒါန်းသည့် ငွေ$ကျပ်သိန်း ၇ဝဝ ကို ပေးအပ်လှူဒါန်း သည်။
ထို့နောက် Gate Way ကုမ္ပဏီမှ ငွေ$ကျပ် သိန်း ၄ဝဝဝ၊ KBZအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ငွေ$ကျပ် သိန်း ၁ဝဝဝ၊ Max ဧရာဝတီ ဖောင်ဒေးရှင်းမှ ငွေ$ကျပ် သိန်း ၁ဝဝဝ၊ ထူးကုမ္ပဏီမှ ငွေ$ကျပ် သိန်း ၅ဝဝ တို့အပါ အဝင် အလှူရှင်များက ငွေ$ကျပ် ၁ဝ၂၈၅ သိန်းကို ပေးအပ်လှူဒါန်းကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗူးဘုရား၊ ထီးလို မင်းလိုဘုရား၊ အာနန္ဒာဘုရား၊ သဗ္ဗညု ဘုရား၊ စူဠာမဏိဘုရားတို့အား ဖူးမြော် ကြည်ညိုပြီး ပျက်စီးမှုများကို လှည့်လှည် ကြည့်ရှုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စူဠာမဏိဘုရားတွင် အပျက်အစီး များအား ကူညီဖယ်ရှားရှင်းလင်းခြင်း များ ဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့များအတွက် အလှူငွေ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ညောင်ဦး မြို့ရှိ နယ်မြေခံတပ်ရင်းအတွင်း လှည့်လည်ကြည့်ရှုပြီး ငလျင်ဒဏ် ကြောင့် ပျက်စီးမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)
No comments:
Post a Comment