Sunday, August 28, 2016

ဆေးတက္ကသိုလ်(၁)ရန်ကုန် (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ



Image may contain: 4 people
ရန်ကုန် သြဂုတ် ၂၇

ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ (၅၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ အစီအစဉ်အရ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဦးဇော်ဝေစိုးက ဆေးပညာဘွဲ့ရမောင် မယ်များအား အဓိဋ္ဌာန်ပြုကတိသစ္စာ တိုင်တန်းပေးပြီး ရွတ်ဆိုသစ္စာပြုကြ ကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များနှင့် တာဝန်ရှိသူများက ဘွဲ့ရမောင်မယ်များအား ဆေးပညာ ဘွဲ့အပ်နှင်းကြသည်။
ယင်းနောက် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဦးဇော်ဝေစိုးက အမှာစကားပြောကြားသည်။
ယနေ့ (၅၃)ကြိမ်မြောက် ဘွဲ့နှင်း သဘင် (M.B.B.S) ဘွဲ့ယူကြသည့် ဘွဲ့ရမောင်မယ် ၅၇၅ ဦးအပါအဝင် ဆေးတက္ကသိုလ်(၁)မှ မွေးထုတ်ပြီး သည့် ဆရာဝန်ပေါင်း ၁၇၉၁ဝ ရှိပြီ ဖြစ်သည်။
ယင်းတို့တွင် ဘွဲ့လွန်ဒီပလိုမာ (Dip.Med.Sc) ၁၂၂ ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ (M.Med.Sc) ၁၂၄ ဦး၊ ပါရဂူဘွဲ့ (Ph.D)ခုနစ်ဦး၊ ဆေးလက် တွေ့ပါရဂူဘွဲ့(Dr.Med.Sc) ၃၃ ဦး အပါအဝင် ယနေ့ထိ ဘွဲ့လွန်ပညာရှင် ၅ဝ၆၄ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
ဆေးတက္ကသိုလ်(၁)တွင် လက်ရှိ သင်ကြားပို့ချနေသည့် ဘွဲ့လွန်သင် တန်းအမျိုးအစား ၇၉ တန်း ရှိသည်။ ပြင်ပဆရာဝန်များအတွက် မိသားစု ကျန်းမာရေးစောင့်ရှောက်မှု ဆေး ပညာ ဒီပလိုမာအပါအဝင် ဘွဲ့လွန် ဒီပလိုမာသင်တန်း ၁၁ ခု၊ ဆေးပညာ မဟာသိပ္ပံသင်တန်း ၃ဝ၊ ပါရဂူသင် တန်းခုနစ်ခု၊ ဆေးလက်တွေ့ပါရဂူ သင်တန်း ၃၁ ခုတို့ဖြစ်သည်။ ၂ဝ၁၄ ခုနှစ်မှစ၍ သားဖွားမီးယပ်ပညာ ဒီပလိုမာ၊ ကလေးကျန်းမာရေးဒီပလို မာ၊ အခြေခံမေ့ဆေးပညာဒီပလိုမာ၊ ဓာတ်မှန်ပညာဒီပလိုမာ၊ ရောဂါဗေဒ ဒီပလိုမာ၊ အခြေခံအရေးပေါ်ကုသမှု ဆေးပညာဒီပလိုမာ သင်တန်းများတွင် ဝန်ထမ်း၊ ဆရာဝန်များနှင့်အတူ ပြင်ပ ဆရာဝန်များကိုလည်း လက်ခံသင် ကြားပေးလျက်ရှိကြောင်း သိရသည်။
၂ဝ၁၇ ပညာသင်နှစ်တွင် ဆေး လက်တွေ့ပါရဂူဘွဲ့များဖြစ်သည့် အပူပိုင်းကူးစက်ရောဂါပညာ၊ စိတ်ကျန်း မာရေးပညာ၊ ဟော်မုန်းရောဂါများ အထူးကုပညာ၊ အသည်းနှင့်သည်း ခြေလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကု ပညာစသည့် ဘွဲ့လွန်သင်တန်းလေးခု တို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။ ပြင်ပ ဆရာဝန်၊ ဝန်ထမ်းမဟုတ်သော ဆရာ ဝန်များ၏ အခန်းကဏ္ဍ၊ ဝန်ထမ်း မဟုတ်သော ဆရာဝန်များ၏ ဘွဲ့လွန် သင်ကြားရေးအတွက် အထူးအလေး ထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
(ဇော်မင်းလတ်)

No comments:

Post a Comment