Tuesday, August 30, 2016

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြု


 
 
နေပြည်တော် သြဂုတ် ၂၉

ယနေ့ကျင်းပသည့် ‘ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်နေ့ တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ''သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ကြမ်း''ကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြု ခဲ့သည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဒေါ်လှဌေး(ခ) ဒေါ်အုန်း ကြည်က “''သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အတည်ပြု ပေးရန် အဆိုတင်သွင်းသည့်အတွက် လွှတ်တော်၏အဆုံးအဖြတ်ဖြင့် ယင်း ဥပဒေကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ ''ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အတွင်းရှိ ရေလှောင်တမံများနှင့် ရေကာတာများတွင် အရေးပေါ် ရေပိုလွှဲ စနစ်များ ရှိ/မရှိ၊ တာတမံများ ခိုင်ခံ့မှု ကို ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းစစ်ဆေးမှု ရှိ/မရှိ၊ $ ငွေကျပ် ၂ဝ ဘီလီယံ ကို အရေးပေါ်ကြိုတင်ပြင်ဆင် စီမံ ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် မည်သည့်အတိုင်းအတာအထိ အသုံးပြု မည်ကို သိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ငွေကျပ် ဘီလီယံ ၂ဝ ထည့်သွင်းထားသည့် အမျိုး သားသဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုရန်ပုံငွေမှ သဘာဝဘေးအ္တရာယ် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအတွက် သုံးစွဲ ငွေကျပ် ၇၄၂ ‘ဒသမ ၆၇ သန်း၊ ၂ဝ၁၆ ခုနှစ် အယ်နီညိုကြောင့် ရေရှားပါး မှုနှင့် ပတ်သက်၍ ငွေကျပ် ၂၁၉ ‘ဒသမ ၇၈၈ သန်း၊ ဘေးသင့်ပြည်သူများအတွက် သုံးစွဲငွေ$ကျပ် ၂ဝ၂၄ ဒသမ ၆၅၇ သန်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် သုံးစွဲငွေ$ကျပ် ၂၁၆ ဒသမ ၃၃၂ သန်း စုစုပေါင်းငွေကျပ် ၃၂ဝ၃ ဒသမ ဝ၄၄ သန်း သုံးစွဲထားရှိပါ ကြောင်း ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ပြီး ထိန်းသိမ်းထားသော ကွန်ချောင်း၊ နန်ကသူ၊ ကညင်၊ မမြရေလှောင်တမံများ ရှိကြောင်း၊ အဆိုပါရေလှောင်တမံများ၏ ရေဆင်းဧရိယာများအတွင်းတွင် မိုးသည်း ထန်စွာရွာသွန်း၍ စီးဝင်ရေ များပြားစွာ ဝင်ရောက်ပြီး ကန်ရေပြည့်သိုလှောင်နိုင် သော ရေမှတ်ထက်ကျော်လွန်လာပါက ရေပိုလွှဲများမှ နိုင်နင်းစွာ လွှဲထုတ်နိုင်ရန် ဒီဇိုင်းပြုတည်ဆောက်ထားသည့်အပြင် ရေလှောင်တမံတစ်ခုချင်း၏ နှစ်စဉ် ပျမ်းမျှရေစီးဝင်မှု အခြေအနေအရ အရေးပေါ်အကူ ရေပိုလွှဲများကိုလည်း ထည့်သွင်းတည်ဆောက်ထားပါကြောင်း။

ထို့ပြင် တွေ့ကြုံခဲ့ရသည့် ရေကြီး ရေလျှံမှုဖြစ်စဉ်များအပေါ် အခြေခံ၍ ရေလှောင်တမံများတွင် လက်ရှိသိုလှောင် ထားသော ရေလှောင်ပမာဏနှင့် မိုးရွာ သွန်းမှုများကြောင့် နေ့စဉ် စီးဝင် ရေပမာဏ၊ ကန်ရေပြည့်သိုလှောင်နိုင် သော ပမာဏတို့အား ချိန်ဆတွက်ချက် ပြီး တမံ၏သိုလှောင်ရေအား ကြိုတင် လျှော့ချထားရန်လိုအပ်ပါက တမံ၏ အောက်ပိုင်းတွင်နေထိုင်သော ပြည်သူ များမထိခိုက်စေဘဲ ရေကြိုတင် လျှော့ချထားနိုင်ရေးကိုလည်း စီမံဆောင် ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ဟင်္သာတခရိုင်အတွင်းရှိ ကွန် ချောင်း၊ နန်ကသူ၊ ကညင်နှင့် မမြရေ လှောင်တမံများ တည်ဆောက်ရာတွင် ဒီဇိုင်းပုံစံတွက်ချက်ရေးဆွဲမှု၊ တည် ဆောက်အကောင်အထည်ဖော်မှုတို့ကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနမှ အင်ဂျင်နီယာ ပညာရှင် များဖြင့်သာ တည်ဆောက်အကောင် အ ထည်ဖော်ခဲ့ပြီး တည်ဆောက်စဉ်ကာလ တစ်လျှောက်လုံးတွင်လည်း ဒီဇိုင်းပြု ထားသည့်အတိုင်း ဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ မြေကြီး လုပ်ငန်းနှင့် ကွန်ကရစ်လုပ်ငန်းများ အတွက် တည်ဆောက်ရေးပစ္စည်းများ၏ အရည်အသွေးနှင့် တည်ဆောက်မှုအရည် အသွေးများကို အရည်အသွေးထိန်းချုပ် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းတည်ဆောက်ပြီး နောက်ပိုင်း တွင်လည်း ဌာနမှသတ်မှတ်ပြဋ္ဌာန်းထား သော လုပ်ထုံးလုပ်နည်းများအတိုင်း တမံ ၏ကြံ့ခိုင်မှုကို အပတ်စဉ်စစ်ဆေးပြီး ပုံမှန်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ ကြောင်း။

ထို့အတူ ရေဘေးကာကွယ်ရေးတာ များ၏ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချနိုင်မှုအခြေ အနေများကိုလည်း မိုးရာသီမရောက်မီ ကတည်းက ကြိုတင်စစ်ဆေးပြီး လိုအပ် သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရာသီမြစ်ရေမြင့်တက် လာချိန်တွင် လည်း ၂၄ နာရီ ရေကင်းချ ၍ စောင့်ကြည့်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ နယ်သာလန်နိုင်ငံများမှ ပညာရှင် အဖွဲ့များ အခါအားလျော်စွာလာရောက်၍ ရှေ့ပြေးစီမံကိန်းများ ပူးပေါင်းဆောင်ရွက် ခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ သင်တန်းပို့ချခြင်းများစသည်ဖြင့် ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ “ ''ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ မြို့နေပြည်သူ လူထုအတွက် ရေကြီးနစ်မြုပ်မှု ဘေးအ္တရာယ်မှ ကင်းလွတ်စေရန် လိုအပ်ချက်များကို စနစ်တကျ လေ့လာ ပြီး ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြစ်ကြောင်းပိုင်းအနေဖြင့် မြောက်ဦးမြို့ ရေကြီးရေလျှံမှုမှ လျှော့ချ နိုင်ရေးအတွက် သင်္ဘောချောင်း တစ်လျှောက် အလျားပေ ၁၅ဝဝဝ ခန့်၊ ကံလှချောင်းတစ်လျှောက် အလျားပေ ၃ဝဝဝ ခန့်နှင့် ဗန္ဓုလချောင်းတစ်လျှောက် အလျားပေ ၃ဝဝဝ ခန့်ကို သောင်တူးဖော် ပေးရန်လိုအပ်ပါကြောင်းနှင့် တူးဖော်ပြီး သည့် ရေလမ်းကြောင်းအတွင်း သဲနုန်း များပြန်လည်ပို့ချမှု လျော့နည်းစေရန် သင့်လျော်သည့် ရေလမ်းထိန်းသိမ်း အဆောက်အအုံများ ဖြည့်စွက်တည် ဆောက်ပေးသွားရန် လိုအပ်ပါကြောင်း။

အဆိုပါ လုပ်ငန်းများအနက် မြောက်ဦးမြို့ ရေစီးရေလာကောင်းမွန် ရေးအတွက် မြောက်ဦးမြို့ ကံလှချောင်း တူးဖော်ခြင်းလုပ်ငန်း ပေ ၅ဝဝဝ ကို ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄၈ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။

ထို့ပြင် မြောက်ဦးမြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်နိုင်ရေးအတွက် လိုအပ်ပါက ယခင်ဖောက်လုပ်ပြီးသော ရထားလမ်းတာပေါင်တွင် ရေထွက်ပေါက် များဖောက်လုပ်ခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ များဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ် ခြင်းနှင့် အခြားလိုအပ်သော အစီအစဉ် များကို ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် မြစ်ချောင်းများ ဖွံ့ဖြိုးမှု၊ တာတမံများနှင့် ဆည်မြောင်း များခိုင်ခံ့မှုအတွက် စီမံကိန်းများ စနစ် တကျချမှတ်၍ နိုင်ငံတကာအကူအညီ ရယူကာ ဆောင်ရွက်သွားရန် အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ တစ်ဆင့် တင်ပြဆောင်ရွက်ထားရှိ ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment