Tuesday, August 2, 2016

ကဘူးလ်တွင် ကားတစ်စီး ဗုံးဖောက်ခွဲမှု တာလီဘန်တို့၏လက်ချက်ဟုဆို




 
 
ကဘူးလ် သြဂုတ် ၁

တစ်မြို့လုံး ပြင်းထန်သော ပေါက်ကွဲသံ ကြီးကြားပြီးနောက် သြဂုတ် ၁ ရက်က ကဘူးလ်ရှိ နိုင်ငံခြားသားများ အသုံးပြု သော စစ်ဘက်နှင့် စာရင်းအင်းဌာနဝင်း အတွင်း ကုန်တင်ကားတစ်စီး ဗုံးဖောက် ခွဲမှုသည် တာလီဘန်တို့၏ လက်ချက် ဟု ဆိုကြောင်း ရိုက်တာသတင်းတစ်ရပ် တွင် ဖော်ပြသည်။

ပုံမှန်မဟုတ်သော ပေါက်ကွဲသံ ကြီးကို ဒေသစံတော်ချိန် နံနက် ၁ နာရီ မိနစ် ၃ဝ က ကြားခဲ့ရသော်လည်း သေဆုံး သူအရေအတွက် နည်းပါးကြောင်း သိရ သည်။

ကဘူးလ်ရဲချုပ် အက်ဗဒူရာမန် ရာဟိမိက ပေါက်ကွဲမှုတွင် တိုက်ခိုက်သူ တစ်ဦး ၄င်းကားကို ကိုယ်တိုင်ဗုံးဖောက် ခွဲတိုက်ခိုက်မှုဖြင့် သေဆုံးခဲ့ပြီး အခြား တိုက်ခိုက်ရေးသမားနှစ်ဦးမှာ ရဲများ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ ရဲ အရာရှိတစ်ဦးသေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့သည်။
ရှီးယိုက်ဟာဇာရာ မျိုးနွယ်စုများ ဆန္ဒပြမှုတွင် လူ ၈ဝ သေဆုံးစေခဲ့ သည့် အသေခံတိုက်ခိုက်ခဲ့သူများမှာ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ဟု သိရပြီး တစ်ပတ်အကြာ ထိုသို့ကားဗုံးခွဲတိုက် ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ကျူးကျော် နိုင်ငံခြားသားများ အာဖဂန်နစ္စတန်မှ ထွက်ခွာပေးရမည်ဟု ပြောသော်လည်း အရပ်သားသေဆုံးမှု များကို ရှောင်ရှားချင်သည့် တာလီဘန် များက ဗုံးဖောက်ခွဲမှုသည် လူနေအိမ် ခြေနှင့် နီးသောနေရာတွင် မဟုတ်သည့် အတွက် သာမန်လူများ မထိခိုက်နိုင် ကြောင်း ပြောခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment