Wednesday, August 3, 2016

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် နော်ဝေနိုင်ငံမှ ဆက်လက်ထောက်ခံသွားမည့်ကိစ္စရပ်များ ဆွေးနွေး


The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နော်ဝေနိုင်ငံသံအမတ်ကြီး မစ္စ အန်အိုလီစတန်သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မြဲစေရန် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များတွင် အကူအညီပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း စဉ်များတွင် နော်ဝေနိုင်ငံမှ ဆက်လက် ထောက်ခံသွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်လင်းနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment