Tuesday, August 2, 2016

ဘင်္ဂလားဒေ့ရှ်ရဲများက အကြမ်းဖက်အုပ်စုဝင် လူ ၂ဝဝ ကို ဖမ်းဆီး


 



ဒါကာ သြဂုတ် ၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သောလက လူ ၂ဝ သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ်အာဏာ ပိုင်များသည် အကြမ်းဖက်အုပ်စုဝင်များ ဟု ယူဆရသည့် လူ ၂ဝဝ ခန့်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု အကြမ်းဖက်တန်ပြန် တိုက်ဖျက်ရေးအဖွဲ့မှ ကြီးကြပ်သူ ရဲအရာရှိက အင်န်အိတ်ခ်ျကေသို့ တနင်္ဂနွေနေ့က ပြောခဲ့သည်။
မြို့တော်ဒါကာရှိ စားသောက်ဆိုင် အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရပြီး နောက် လုံခြုံရေး အဆင့်အမြင့်ဆုံး ထားရှိဆဲဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံးသူများထဲတွင် ဂျပန်လူမျိုး ၇ ဦးပါဝင်သည်။ ယင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ် သည်ဟု ယူဆရသော အကြမ်းဖက်အုပ်စု အဖွဲ့ဝင်များကိုလည်း ယခုအခါ ထိန်းသိမ်းထားကြောင်း ရဲအရာရှိက ပြောသည်။
ယင်းအုပ်စုသည် လွန်ခဲ့သော ၁၁ နှစ်က ပိတ်ပစ်ခြင်းခံရသော ပြည်တွင်းအစွန်းရောက်အဖွဲ့မှ အဖွဲ့ခွဲ ဖြစ်သည်ဟု ရဲများက ယူဆသည်။ ယခုအခါ ရဲများသည် အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၂ဝဝ ကို ဖမ်းဆီးခဲ့သည်။ သို့သော် ယင်းအုပ်စုမှာ အိုင်အက်စ်အဖွဲ့ သို့မဟုတ် အယ်ခိုင်ဒါအုပ်စုတို့နှင့် တိုက်ရိုက် ပတ်သက်ခြင်းမရှိဟုလည်း ရဲများက ပြောသည်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များက အစောပိုင်းတွင် ဒါကာမြို့ စား သောက်ဆိုင်၌ ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှု၌ အိုင်အက်စ်အဖွဲ့၏ ပါဝင်မှု မရှိ ကြောင်း ပြောခဲ့သည်။ သို့သော် နောက်
ပိုင်း၌ အိုင်အက်စ်အဖွဲ့၏ လွှမ်းမိုးမှုအချို့ ရှိနိုင်ကြောင်း လက်ခံခဲ့သည်။
လွန်ခဲ့သော အဂ¯နေ့က မြို့တော် ဒါကာ၌ ရဲများက လျှပ်တစ်ပြက်ဝင်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ သေနတ် သမားကိုးဦးကို ပစ်သတ်ခဲ့သည်။ ၄င်း တို့ပုန်းအောင်းသောနေရာ၌ အိုင်အက်စ် အဖွဲ့၏အလံနှင့် လက်နက်များကို ရှာဖွေ တွေ့ရှိ ခဲ့သည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment