Wednesday, August 3, 2016

စင်ကာပူ-အမေရိကန် သံတမန်ဆက်ဆံရေး နှစ် (၅ဝ)ပြည့်အထိမ်းအမှတ် ဝါရှင်တန်၌ ကျင်းပမည်



The Mirror Daily's photo.



ဝါရှင်တန် သြဂုတ် ၂

စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးသည် သမ္မတ ဘာရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေကြောင်း၊ စင်ကာပူ-အမေရိကန် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ် (၅ဝ)ပြည့်အထိမ်းအမှတ် အခမ်းအနားကို အိမ်ဖြူတော်တွင် ကျင်းပသည့်အခါ ဝန်ကြီးချုပ်လီရှန်လုံးတက်ရောက် ရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၂ ရက် တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၅ ရက်အထိ ကြာမြင့်မည့် ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု နှစ်(၅ဝ) ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ အိုဘားမားက တည်ခင်းဧည့်ခံသည့် ညစာစားပွဲကို သြဂုတ် ၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

ဝန်ကြီးချုပ်လီသည် သမ္မတ အိုဘားမားနှင့် သြဂုတ် ၂ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးသည့်အခါ ပစိဖိတ်သမုဒ္ဒရာဖြတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီ ချက်နှင့်ပတ်သက်၍ ဆွေးနွေးရန်ရှိကြောင်း သတင်းတွင်ဖော်ပြသည်။

စင်ကာပူဝန်ကြီးချုပ်တစ်ဦးအနေဖြင့် အမေရိကန်သို့ ချစ်ကြည်ရေးခရီး လာရောက်ခြင်းမှာ ၁၉၈၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။ စင်ကာပူနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ယခုခရီးစဉ်က မျှော်မှန်းကြောင်း၊ နှစ်နိုင်ငံစလုံးရှိ အခြေခံအဆောက်အအုံလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများအကြား နည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို သြဂုတ် ၁ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ပြောကြားကြသည်။

ပစိဖိတ်သမုဒ္ဒရာဖြတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် သည် အာရှ-ပစိဖိတ်ဒေသ၌ အမေရိကန်၏ တွေ့ထိဆက်ဆံမှု တိုးတက်ရေးအတွက် အရေးကြီးလှကြောင်း ဝန်ကြီးချုပ်လီက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment