Wednesday, August 3, 2016

ပါတီညီလာခံများပြီးနောက် ကောက်ယူသည့်လူထုစစ်တမ်းတွင် သမ္မတလောင်း ကလင်တန် အသာစီးရ




The Mirror Daily's photo.


ဝါရှင်တန် သြဂုတ် ၂

နောက်ဆုံးကောက်ယူခဲ့သည့် လူထုသဘောထားစစ်တမ်းများအရ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီ ကလင်တန်သည် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်လ်ထရန့်ထက် လူထုထောက်ခံမှုပိုမိုရရှိနေသည်ဟု သိရသည်။
လွန်ခဲ့သည့် သီတင်းပတ်ကကျင်းပခဲ့သည့် ဒီမိုကရက်တစ်ပါတီညီလာခံပြီးနောက် ကောက်ယူခဲ့သည့် လူထုသဘောထားစစ်တမ်းရလဒ်များကို စီဘီအက်စ် သတင်းဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကလင်တန်သည် လူထုထောက်ခံမှု ၄၆ ရာခိုင်နှုန်း ရရှိနေပြီး ၃၉ ရာခိုင်နှုန်းသာရရှိနေသည့် ထရန့်ထက် ခုနစ်ရာခိုင်နှုန်းပိုမိုရရှိနေသည်။

ယခုထုတ်ပြန်သည့်ရလဒ်သည် ဒီမိုကရက်တစ်ပါတီ ညီလာခံပြီးနောက် ကောက်ယူသည့်စစ်တမ်းတွင် ကလင်တန်က အသာစီးရရှိနေခြင်းဖြစ်ပြီး အလားတူ ရီပတ်ဘလီကန်ပါတီညီလာခံပြီးနောက် ကောက်ယူသည့် စစ်တမ်းတွင်လည်း ထရန့်က အသာစီးရရှိခဲ့ဖူးသည်။

စီဘီအက်စ်သတင်းဌာနက ကောက်ယူခဲ့သည့် လူထု စစ်တမ်းတွင် ဒီမိုကရက်တစ်ပါတီညီလာခံသည် ပါတီ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။ သမ္မတလောင်းပဏာမရွေးကောက်ပွဲများတွင် ဘာနီ ဆန်ဒါးစ်ကိုထောက်ခံသူ ၇၃ ရာခိုင်နှုန်းခန့်က ၎င်းတို့အနေဖြင့် ကလင်တန်ကို ထောက်ခံဆန္ဒမဲပေးသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်။
လူထုသဘောထားစစ်တမ်းများ အမျိုးမျိုးထွက်ရှိ နေသော်လည်း တူညီချက်တစ်ခုမှာ လူထုစစ်တမ်းများတွင် ပြန်လည်ဖြေကြားသူတစ်ဝက်ခန့်က ကလင်တန်ရော ထရန့်ပါ နှစ်ယောက်စလုံးကို မကြိုက်နှစ်သက်သည့်အမြင် များရှိနေဆဲပင်ဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment