Sunday, August 28, 2016

မန္တလေး-မုံရွာလမ်းပိုင်း မြောင်လမ်းခွဲအနီး လမ်းရေကျော်မှုထပ်မံဖြစ်ပွား


No automatic alt text available.
မုံရွာ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် သြဂုတ် ၂၇ ရက် ညနေ ၄ နာရီခွဲက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုံရွာ - မန္တလေး လမ်းပိုင်း စစ်ကိုင်းခရိုင် မြောင်မြို့နယ် အလ္လကပကျေးရွာနှင့် မြောင်လမ်းခွဲ အကြားတွင် မော်တော်ကားလမ်း ရေကျော်မှု ထပ်မံဖြစ်ပွားခဲ့သဖြင့် အဆိုပါ လမ်းပိုင်းကို အသုံးပြု သွားလာနေကြသည့် မော်တော်ယာဉ် များ ဖြတ်သန်းနိုင်ရေး စောင့်ဆိုင်း နေကြကြောင်း သိရသည်။
အဆိုပါ လမ်းရေကျော်မှုဖြစ်ပွား သည့် နေရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှု ရေးအသင်းအဖွဲ့များက ခရီးသွား ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိပြီး မော်တော်ယာဉ်များမှာ ဖြတ်သန်းသွားလာနိုင်ရေး ရေအကျကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment