Wednesday, August 3, 2016

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနော်ဝေနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



The Mirror Daily's photo.


နေပြည်တော် သြဂုတ် ၂

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စအန်အိုလီစတန်အား ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ဆွေးနွေး

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေး၊ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment