Wednesday, August 3, 2016

တပ်မတော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးမှုနှင့် အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များ ဆွေးနွေး



The Mirror Daily's photo.
နေပြည်တော် သြဂုတ် ၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပါကစ္စတန်တပ်မတော်ပူးတွဲ စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ရာရှက်ဒ် မာမွတ်အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြု တပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။

ယင်းနောက် နှစ်ဖက်တပ်မတော်ခေါင်းဆောင်များသည် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကြည်း၊ ရေ၊ လေဆိုင်ရာ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များစေလွှတ် ရေး၊ တပ်မတော်နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးမှုနှင့် အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာများ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြည်တော်ရှိ Park Royal Hotel ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment