Monday, August 29, 2016

မလေးရှားဝန်ကြီးချုပ် နာဂျစ်အား နုတ်ထွက်ပေးရန် ကျောင်းသားများဆန္ဒထုတ်ဖော်



Image may contain: 16 people , stripes
ကွာလာလမ်ပူ သြဂုတ် ၂၈
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ခ်သည် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစား ပြုသည်ဟု စွပ်စွဲကာ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ကျောင်းသားများက တောင်းဆိုပြီး မြို့တော် ကွာလာလမ်ပူ လမ်းမများပေါ်သို့ သြဂုတ် ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းများအရ သိရသည်။
ဝန်ကြီးချုပ်နာဂျစ် ရာထူးစတင် ထမ်းရွက်စဉ်ကာလမှစပြီး ၎င်းတည်ထောင်ခဲ့သည့် အချုပ်အခြာအာဏာပိုင် ငွေစာရင်းဌာနတစ်ခုမှ ပြည်သူ့ဘဏ္ဍာငွေ အများအပြားကို အလွဲသုံးစားပြုခဲ့သည်ဟု ကျောင်းသားများက စွပ်စွဲကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ကျောင်းသားများသာမက ပြည်သူများပါ ပါဝင်ခဲ့ပြီး လူပေါင်း ၂ဝဝဝ ကျော် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ရဲအရာရှိများကဆိုသည်။ ဆန္ဂထုတ်ဖော်သူများက 'ဝန်ကြီးချုပ် နာဂျစ် နုတ်ထွက်ပါ' ဆိုသည့် စာတန်းပါ လက်ကိုင် ပိုစတာများကို ကိုင်ဆောင်လျက် မြို့တော် ကွာလာလမ်ပူ အနှံအပြားသို့ ချီတက်ခဲ့ကြသည်။
နိုင်ငံတော်ဘဏ္ဍာငွေများကို အလွဲသုံးစားပြုသည့်ကိစ္စကို ပြည်သူများအား အစိုးရအဖွဲ့က ပွင့်လင်းမြင်သာစေရန် ချပြသင့်ကြောင်း ဆန္ဒထုတ်ဖော်သူ ကျောင်းသား တစ်ဦးက ဆိုသည်။
မလေးရှားအစိုးရအဖွဲ့သည် ဝန်ကြီးချုပ် နာဂျစ်အားစွပ်စွဲမှုတွင် ဝန်ကြီးချုပ်အနေဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိကြောင်း ထင်မြင်ယူဆပြီး စုံစမ်းစစ်ဆေးမှုများကို ဆိုင်းငံ့ခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment