Monday, August 29, 2016

ပြည်သူတို့၏ပူးပေါင်းပါဝင်မှုအားကိုရယူ



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများက မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ် နေသည်။ အချို့မှုခင်းများတွင် မူးယစ်ဆေးဝါးအပြင် လက်နက်များပါ ဖမ်းမိခဲ့ကြောင်း သတင်းများတွင်တွေ့ရသည်။ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများအားလုံးလိုလိုတွင် သယ်ဆောင်သူ၊ တစ်ဆင့်ခံရောင်းချသူများ ကိုသာ ဖမ်းဆီးရမိခြင်းဖြစ်ပြီး ပင်ရင်းထုတ်လုပ်သူ၊ ရောင်းချသူဆရာကြီး များကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်းနှင့် တာဝန်ရှိအဖွဲ့အစည်းများနှင့် ပတ်သက်၍ မီဒီယာများ၏ ဝေဖန်မှု၊မေးခွန်းထုတ်မှုများလည်း ခပ်စိပ်စိပ် တွေ့လာရသည်။

''မြန်မာနိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေမှုများ၊ အုပ်စုလိုက် မူးယစ်ဆေးဝါးသုံးစွဲသည့်နေရာများအား အမြစ် ပြတ်ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအ္တရာယ် ပညာပေးမှုများ ရပ်ကွက်၊ ကျေးရွာမကျန်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် မူးယစ် ဆေးဝါးသုံးစွဲသူများအား ပြုစုကုသရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးရေး'' အဆိုကို ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ လွှတ်တော်ကိုယ်စားလှယ်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ တွင် တင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

၎င်းနှင့်တစ်နေ့တည်း (သြဂုတ် ၂ ရက်)မှာပင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအ္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးပြဿနာ၌ အကြမ်းဖက်မှုပြဿနာလည်းရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများမှတစ်ဆင့် ပြစ်မှုများကျူးလွန်နေသလို မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ထုတ်လုပ်မှု အပိုင်းတွင်လည်း စနစ်တကျစီစဉ်ထားသော အကြမ်းဖက်မှု၊ လူသတ်မှုများနှင့် ဈေးကွက် ယှဉ်ပြိုင်မှုများဖြစ်လာကြောင်း၊ မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ပြဿနာကို က္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားနေရ ကြောင်း၊ နိုင်ငံတော်အစိုးရအဆက်ဆက် မူးယစ်ဆေးဝါးအ္တရာယ် ပပျောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ ပိုမိုဆိုးရွား လာသည်ကို တွေ့ရှိရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အဆိုပါအစည်းအဝေး၌ ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ပုံမှန်မဟုတ်တော့သည့် စိတ်အခြေ အနေနှင့် ရာဇဝတ်မှုကျူးလွန်မှုများအပါအဝင် လူငယ်အုပ်စုများ၏ ရန်ပွဲများ၊ အုပ်စုဖွဲ့လုယက်မှုများ၊ အမိရင်းအဖရင်းကိုပင် ရန်ပြု သတ်ဖြတ်မှုများစသည့် အကြမ်းဖက်မှုများကို ကျူးလွန်လာကြရာ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးအ္တရာယ် ကြီးမားစွာထိုးဖောက် ဝင်ရောက်နေသည့် သာဓကများပင်ဖြစ်သည်။ အနာဂတ်အတွက် တိုင်းပြည်ရတနာများဟုဆိုရမည့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာ စာသင်ခန်းများနှင့် ကျောင်းပရဝဏ် ဆီသို့ပင် မူးယစ်ဆေးဝါးအ္တရာယ်က ရောက်ရှိလာခဲ့ပြီဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပြောကြားသည့်စကားအရ ''မူးယစ်ဆေးဝါး အ္တရာယ်သည် မြန်မာတစ်မျိုးသားလုံးကို ခြိမ်းခြောက်သည့်အဆင့်ကို ကျော်လွန်ကာ အ္တရာယ်ပေးသည့် အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်'' ဟု ဆိုနိုင်သည်။

မူးယစ်ဆေးဝါးအ္တရာယ် ကာကွယ်တိုက်ဖျက်ရေးသည် အမျိုးသား ရေးတာဝန်တစ်ရပ်ဖြစ်သည့်အလျောက် လူငယ်လူရွယ်များအား ပညာ ပေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်ပေးခြင်း၊ မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲမှုများအား ပြည်သူများက ပူးပေါင်းပါဝင် ဖော်ထုတ်ပေးနိုင်မည့် အခြေအနေနှင့် အခွင့်အလမ်းများကို လက်လှမ်း တမီတွင် ဖန်တီးပေးထားခြင်း၊ မူးယစ်ဆေးဝါးနှင့် စပ်လျဉ်းသည့် ပြစ်မှု များကို အရေးယူရာတွင်လည်း ထိရောက်ဟန့်တားလောက်သည့် အရေး ယူမှုများပြုလုပ်ခြင်းတို့ဖြင့် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုအားကို ရယူဆောင်ရွက်နိုင်ပါစေကြောင်း။ ။

No comments:

Post a Comment