Monday, August 29, 2016

ဇီကာဗိုင်းရပ်(စ်)ပိုးကို ရှာဖွေတွေ့ရှိပြီးနောက် အမေရိကန် မိုင်ယာမီမြို့၏ခရီးသွားလုပ်ငန်း ထိခိုက်


Image may contain: dog, shoes, one or more people and outdoor
မိုင်ယာမီ သြဂုတ် ၂၈
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ ဇီကာဗိုင်းရပ်(စ်)ပိုးကို ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် ရက်သတ္တပတ်များအတွင်း ယင်းမြို့၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်သော သုတေသနလေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
သြဂုတ်လ၏ ပထမ ရက်သတ္တသုံးပတ်တာကာလတွင် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက မိုင်ယာမီမြို့လယ် စီးပွားရေးလုပ်ငန်းများတည်ရာအရပ်များနှင့် အနီးဝန်းကျင် အရပ်များရှိ ဟိုတယ်များ၌ ကြိုတင်စာရင်းပေးကာ အခန်းငှားသည့် ခရီးသွားဧည့်သည် ဦးရေမှာ ကျဆင်းသွားခဲ့ရကြောင်း ဟိုတယ်လုပ်ငန်းဆိုင်ရာ သုတေသနကုမ္ပဏီဖြစ်သော အက်စ်တီအာရ်၏ လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
မိုင်ယာမီမြို့ရှိ ဝင်းဝုဒ်အနုပညာနယ်မြေတွင် ဇူလိုင် ၂၉ ရက်က ဇီကာဗိုင်းရပ်(စ်)ပိုး ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် ခြင်ကြောင့်ဖြစ်ပွားရသော ဇီကာ ဗိုင်းရပ်(စ်)ရောဂါပိုးကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိရခြင်းဖြစ်သည်။
မိုင်ယာမီမြို့ရှိ ဟိုတယ်များ၌ အခန်းငှားလိုသူ ခရီးသွားဧည့်သည်များက ကြိုတင်စာရင်းပေးမှု နည်းပါးသွားခြင်းသည် ဇီကာဗိုင်းရပ်(စ်)ကြောင့် ယင်းမြို့၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိခိုက်ရမှုကို ထင်ဟပ်နေသော လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သုတေသနလေ့လာချက်တွင် ဖော်ပြထားသည်။
ဇီကာဗိုင်းရပ်(စ်)သည် အများပြည်သူတို့၏ ကျန်းမာရေးကို အကြီးအကျယ် ခြိမ်းခြောက်နေရုံမျှမက ဒေသဆိုင်ရာစီးပွားရေးကိုလည်း ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း ခရီးသွားလုပ်ငန်း သုတေသီ ဟင်နရီ ဟာဗဲလ်က ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment