Monday, August 29, 2016

ကလေးသူငယ်များအား ဗီတာမင် 'အေ'နှင့် သန်ကျဆေးတိုက်ကျွေး



Image may contain: 4 people , child
သုံးခွ သြဂုတ် ၂၈
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ သြဂုတ် ၂၇ ရက် နံနက် ၁ဝ နာရီက အသက်ခြောက်လမှ ငါးနှစ်အရွယ်အထိ ကလေးငယ်များအား ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဗီတာမင် အာဟာရ ပြည့်ဝမှုရရှိစေရန်အတွက် သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သူနာပြု ဆရာမများက ကလေးငယ်များအား ပေါင်ချိန်ပေးပြီး အသက်ခြောက်လမှ တစ်နှစ်အထိ ကလေးငယ်များအား ဗီတာမင်'အေ' တစ်သိန်းအား၊ အသက်တစ်နှစ်မှ ငါးနှစ်ထိ ကလေးငယ်များအား ဗီတာမင်'အေ' နှစ်သိန်းအားတို့ကို တိုက်ကျွေး၍ နှစ်နှစ်မှ ငါးနှစ်အထိ ကလေးငယ်များအား သန်ကျဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
(၆၈၉)

No comments:

Post a Comment