Wednesday, August 31, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်းမှ တတ်၊ သိ ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း နိုင်ငံတော်အစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆိုတင်သွင်း


 
 
နေပြည်တော် သြဂုတ် ၃ဝ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက် မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက အရေးကြီးအဆိုတစ်ရပ် တင်သွင်းသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန၏ သြဂုတ် ၂၄ ရက် သတင်းထုတ်ပြန် ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးပေးရာ ရောက်စေပါသဖြင့် အဆိုပါကော်မရှင် တွင် ပြည်တွင်းမှ တတ်၊ သိ ပညာရှင်များ ဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း နိုင်ငံတော်အစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဇံက တင်သွင်းပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သောင်းရွှေက ထောက်ခံဆွေးနွေးသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အဆိုကို ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း ကြေညာသည်။

တွံတေးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြန်မာနိုင်ငံ အနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ စာချုပ် ချုပ်ဆိုထားခြင်း ရှိ/မရှိ နှင့် ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှု ဒေသ ခြောက်ခုတွင် ပါဝင်အကောင် အထည်ဖော်လျက်ရှိပြီး ယင်းတို့မှာ အာဆီယံဒေသတွင်း လွတ်လပ်သော ကုန်သွယ်မှုဒေသ၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ၊ အာဆီယံ-ကိုရီးယား လွတ်လပ်သော ကုန်သွယ်မှုဒေသ၊ အာဆီယံ-ဂျပန် လွတ်လပ်သော ကုန်သွယ်မှုဒေသ၊ အာဆီယံ-သြစတြေးလျ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှု ဒေသ၊ အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဒေသတို့ ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရေးထိုးထားသည့် လွတ်လပ် သောကုန်သွယ်မှုဒေသသဘောတူစာချုပ် မရှိပါကြောင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ၏ ကျောရိုးဖြစ်သည့် ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သင့်မသင့်ကို မိမိနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ လေ့လာသုံးသပ်ပြီးမှသာ ဆက်လက်ဆောင် ရွက်သင့်ပါကြောင်း ဖြေကြားသည်။

လေရှီးမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏ အစိုးရ ဝန်ကြီးဌာနများ၏ ဘတ်ဂျက်များ ခွဲဝေ ချထားရာတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ်မှစ၍ အမှန်တကယ် ဒေသပေါက် ဈေးနှင့်အညီ တွက်ချက်ခွဲဝေချထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင် မောင်ဝင်းက ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများကိုလည်းကောင်း မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် ငွေလုံး ငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်ပြီး ဒေသပေါက်ဈေးနှုန်းဖြင့် တွက်ချက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည် ပြုချက်ဖြင့် ဘတ်ဂျက်ကို လျာထား ရေးဆွဲကာ အဆိုပြုတင်ပြနိုင်ပါကြောင်း၊ သက်ဆိုင်ရာကော်မတီများက စိစစ် သည့်အခါတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များက ထောက်ခံထားသည့် ဒေသ္တရ ဈေးနှုန်းများကို အသုံးပြု၍ စိစစ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ ဘတ်ဂျက်ခွဲဝေချထားရာတွင် ဌာနအဖွဲ့ အစည်းများသည် ဒေသဈေးနှုန်းများဖြင့် လျာထားတွက်ချက် တင်ပြလာပါက သက်ဆိုင်ရာကော်မတီများက စိစစ်ပြီး ခွဲဝေချထားပေးလျက် ရှိပါကြောင်းနှင့် ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ကော်မတီများသို့လည်း ထပ်မံအတည်ပြု
အကြောင်းကြား၍ ဆောင်ရွက်မည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်း ထွန်းဦးက ဥပဒေဘာသာပြန် ကော်မရှင် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရာ ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ကျိုင်းတုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစတီဖန်က ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်း လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယနေ့တွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံ ဒေသတွင်ပျက်စီးခဲ့သည့် ရှေးဟောင်း အမွေအနှစ် ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၏နေ့တွက်စရိတ်တစ်ရက်စာကို ပေးလှူရန် လွှတ်တော်၏ သဘောတူညီမှုကိုရယူပြီး စုပေါင်းလှူဒါန်း ငွေ$ကျပ်သိန်း ၁၅ဝ ကို ပေးလှူမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။ (သတင်းစဉ်)

No comments:

Post a Comment