Wednesday, August 31, 2016

ငွေဆောင်မြို့အထိ ရာသီမရွေးသွားရောက်နိုင်သည့် မြို့နယ်ချင်းဆက် ကမ်းခြေပတ်လမ်းဖောက်လုပ်ပေးရန် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိ






 
 
နေပြည်တော် သြဂုတ် ၃ဝ

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစေတီပုထိုးများ ပြန်လည် ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့ တွက်စရိတ်ကို စုပေါင်းလှူဒါန်းရန် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူ၍ အတည်ပြုခဲ့ သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏''တောင်ကြီးမြို့နယ် အတွင်းရှိ ဂနိုင်ရွေး-ဖက်ကွန်-လင်းလေ လမ်းအား ကတ္တရာလမ်းအဖြစ် လာမည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ''မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ဂနိုင်ရွေး-ဖက်ကွန်-လင်းလေ လမ်းပိုင်း၌ပါဝင်သော ဂနိုင်ရွေး-ကန်လောင်းလမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံ ငွေကျပ် ၁၉၂ ဒသမ ၃၆၇ သန်း အသုံး ပြု၍ ကတ္တရာလမ်းအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
အဆိုပါလမ်းပိုင်း၌ ပါဝင်သော ကန်လောင်း-ဇလဲလမ်း ၁ဝ မိုင် ၇ ဖာလုံကို ဂျာမန်ထောက်ပံ့ငွေဖြင့် ဆောင်ရွက် သည့်(KFW စီမံကိန်း Phase II နှင့် Phase IIIတွင် ထည့်သွင်းဆောင်ရွက် နိုင်ရန်အတွက် လျာထားတင်ပြ ဆောင် ရွက်ထားရှိပြီးဖြစ်ကြောင်း ဖြေကြား သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ ဦးကျော်ကျော်၏ ''ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားလမ်းကို အရည်အသွေးပြည့်မီသော ကတ္တရာလမ်း အဖြစ် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက မြောက်ဦး မြို့ ကိုးသောင်းဘုရားလမ်းကို ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ရန် ခန့်မှန်း တန်ဖိုးငွေ$ကျပ် ၂၃၆ ဒသမ ၈၈ သန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့် သွင်းလျာထားသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ ဦးမြင့်နိုင်၏ ''ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ အပေါက်ဝကျေးရွာမှ နေပူခံကျေးရွာ၊ ဒုက္ကံချောင်းကျေးရွာ၊ ဗိုလ်မင်းကျေးရွာ၊ ဘရာဝါကျေးရွာနှင့် ကြောင်ဖိုကျေးရွာ အထိ ကျေးရွာချင်းဆက်လမ်း သို့မဟုတ် ကျောက်ချောလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ''မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ-နေပူခံ-ဒုက္ကံချောင်း၊ ဗိုလ်မင်း-ဘရာဝါ-ကြောင်ဖို ကျေးရွာချင်းဆက် လမ်း၏ လက်ရှိအခြေအနေသည် ကျောက်ချောလမ်း တစ်မိုင် နှစ်ဖာလုံ၊ မြေသားလမ်း လေးမိုင် လေးဖာလုံနှင့် သစ်သားတံတားတစ်စင်း၊ ရြေ>ွပန်ခြောက် စင်းရှိပြီး ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၁၈၃၄၊ လူဦးရေ ၈၃၃၈ ဦးတို့အား အကျိုး ပြုလျက်ရှိပါကြောင်း။
အဆိုပါ အပေါက်ဝ-နေပူခံ-ဒုက္ကံ ချောင်း၊ ဗိုလ်မင်း-ဘရာဝါ-ကြောင်ဖို ကျေးရွာချင်းဆက်လမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း နှင့် နှစ်အလိုက် ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၏ ဦးစားပေးလျာထားတင်ပြမှု အပေါ်မူတည်၍ လျာထားတင်ပြပေး သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးမိုး၏ ''ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ငွေဆောင်မြို့ အထိ ရာသီမရွေး သွားရောက်နိုင်သည့် မြို့နယ်ချင်းဆက် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ငွေဆောင်-ဆင်မ-ငရုတ်ကောင်း-ဖောင်တိုးလမ်း အရှည် ၆၆ မိုင် နှစ်ဖာလုံတွင် မြေသားလမ်းအဆင့်မှ စတင်ဖောက်လုပ်ပေးရန် ၂၆ မိုင် နှစ် ဖာလုံ ကျန်ရှိပါကြောင်း၊ ထို့အတူလမ်းပေါ် တွင် တံတားစုစုပေါင်း ၂၉ စင်းနှင့်
Box Culvert နှစ်စင်းရှိသည့်အနက် တံတား ၁၂ စင်း ဆောင်ရွက်ပေးရန် ကျန်ရှိပါကြောင်း။
ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နှင့်တောင်ဘက် ဖောင်တိုးကျေးရွာအုပ်စု မှ ပုသိမ်မြို့နယ် ငွေဆောင်မြို့အထိ ရာသီ မရွေးသွားရောက်နိုင်သည့် မြို့နယ် ချင်းဆက်ကမ်းခြေပတ်လမ်းဖောက်လုပ် ပေးရန်ကိစ္စနှင့်ပတ်သက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခဲ့ ခြင်းမရှိသဖြင့် လတ်တလောတွင် ဆောင် ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နှစ် အလိုက် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ ဦးစားပေးလျာထား တင်ပြ မှုအပေါ် မူတည်၍ လျာထား တင်ပြပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ''ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ရဲရုပ်ပြင်၊ ခမောင်း တော၊ ကံချောင်းကျွန်းပတ် တာတမံကို ဖို့ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အလယ်၌ ရေချိုကန်ပါသော အသက်ကယ်ကုန်းမြင့် တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်းက ကျေးရွာ ခုနစ်ရွာကို အကျိုးပြုလျက်ရှိပြီး အလျား ၁၄ မိုင်ရှိသည့် ရခိုင်ပြည်နယ် ပ္ဏုားကျွန်း မြို့နယ် ရဲရုပ်ပြင်၊ ခမောင်းတော၊ ကံချောင်း ကျွန်းပတ်တာကို ပြုပြင်ရန် လိုအပ် သည့် အလျားခုနစ်မိုင်ကို ပုံစံကျပြုပြင် ခြင်းနှင့် ကွန်ကရစ် ရေတံခါး သုံးပေါက် တည်ဆောက်ခြင်း၏ ခန့်မှန်းကုန်ကျ ငွေကျပ် ၈၈၈ ဒသမ ၉၆၃ သန်းကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် လျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြား သည်။
(သတင်းစဉ်)




No comments:

Post a Comment