Wednesday, August 31, 2016

အင်္ဂလန်အသင်းကို ဆက်လက်ဦးဆောင်မယ့် ရွန်းနေ


ကောင်းမြတ်သူ-စုစည်းသည်

အင်္ဂလန်အသင်းမှာ ကစားလာတာနှစ်အတန်ကြာသွားပြီဖြစ်တဲ့ ရွန်းနေကို လက်ရွေး စင်ကစားသမားအဖြစ်မှ အနားယူသင့်ပြီလို့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက တိုက်တွန်းလိုက်ပါတယ်။

အသက် ၃ဝ အရွယ်ရှိပြီဖြစ်တဲ့ ရွန်းနေဟာ အင်္ဂလန်ဘောလုံးအသင်းသမိုင်း တစ်လျှောက် ပွဲအများဆုံးနဲ့ ဂိုးစံချိန်တင်သွင်းယူထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆလိုဗက်ကီးယားနဲ့ ကစားမယ့် ပွဲမှာတော့ အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်က ကွင်းလယ်ကစားသမားတာဝန်ကို ပေးထားပြီ ဖြစ်ပါတယ်။

ရွန်းနေဟာ ၂ဝ၁၄ က္ဘာ့ဖလားကတည်းက အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အသက် ၃ဝ အရွယ်ရှိပြီဖြစ်တဲ့ ရွန်းနေဟာ အင်္ဂလန် အသင်းအတွက် ပွဲပေါင်း ၁၁၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၅၃ ဂိုးသွင်းယူထားပါတယ်။ အသက် အရွယ်ရလာပြီဖြစ်သော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ရွန်းနေရဲ့ ဦးဆောင်မှု ဟာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

No comments:

Post a Comment