Wednesday, August 31, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ




 
နေပြည်တော် သြဂုတ် ၃ဝ

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိIndia Gate ကို သွား ရောက်လေ့လာကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
India Gate သည် ပထမက္ဘာစစ် ၁၉၁၄ ခုနှစ်မှ ၁၉၂၁ ခုနှစ်အတွင်း ကျဆုံး ခဲ့သည့် အိန္ဒိယတပ်မတော်မှ စစ်သည် ၈၂ဝဝဝ အတွက် အမှတ်တရ ပြုလုပ်ထား သော နေရာတစ်ခုဖြစ်သည်။ ဗြိတိန်နိုင်ငံ မှ စစ်သည်များနှင့် အရာရှိများအပါအဝင် ဝန်ထမ်း ၁၃၃ဝဝ ၏ အမည်များကိုလည်း

မှတ်တမ်းတင်ဖော်ပြထားသည်။India
Gate ၏ ပုံစံကို Sir Edwin Lutyensက ပုံဖော်ခဲ့ပြီး ယင်းဂိတ်မှာ စစ်ဘေး
အထိမ်းအမှတ်ဖြစ်သော်လည်း triumphal
arch ဗိသုကာပုံစံဖြင့် တည် ဆောက်ထားကြောင်း သိရသည်။

ထို့နောက် Akshardhamသို့ ရောက်ရှိပြီး အိန္ဒိယနိုင်ငံ ၏ ရှေးဟောင်း ယဉ်ကျေးမှုနှင့် ဟိန္ဒူဘာသာရေး အမွေ အနှစ်များဖြစ်သည့် ကျောက်သား အဆောက်အအုံများ၊ ကျောက်သားများ ပေါ်တွင် ရုပ်လုံးဖော်တည်ဆောက်ထား သည့် အနုပညာလက်ရာများ၊ ပန်းချီကား များနှင့် ရုပ်တုများကို လှည့်လည်ကြည့်ရှု ပြီးHall of Values and Cultural
Boat Rideအတွင်း လှေစီး၍ လေ့လာ ကြသည်။

Akshardham ကို ၂ဝဝ၅ ခုနှစ် တွင် ဖွင့်လှစ်ခဲ့ပြီး က္ဘာတစ်ဝန်းမှ စေတနာ့ဝန်ထမ်း ၈ဝဝဝ ကျော်က ပါဝင် ဆောက်လုပ်ခဲ့သည်။ ယင်းကို သဲ ကျောက်၊ စကျင်ကျောက်တို့ကို ထွင်းထု ဖန်တီးတည်ဆောက်ထားပြီး ဘာသာ ရေး ဆိုင်ရာပြပွဲများ၊ ရေပန်းများ၊ ဥယျာဉ် များဖြင့်အလှဆင်ပြသထားသည်။ ဟိန္ဒူ ဘာသာရေးဆိုင်ရာ ယုံကြည်မှုဓလေ့ ထုံးတမ်းများနှင့် ရှေးဟောင်းတည် ဆောက်ပုံများ၊ အနုပညာလက်ရာများကို ထုဆစ်ထားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် အိန္ဒိယနိုင်ငံမှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြ သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီ ဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အိန္ဒိယ သံရုံး ယာယီတာဝန်ခံနှင့် တာဝန်ရှိသူ များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။ (သတင်းစဉ်)

No comments:

Post a Comment