Wednesday, August 31, 2016

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဘယ်အသင်းတွေတက်ရောက်လာမလဲ


မိုးမြင့်လင်းလက်

အာဖရိကဖလားဘောလုံးပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေကို စတင်ဘာ ၁ ရက်မှာ ဆက် လက်ကျင်းပမှာဖြစ်ပါတယ်။ က္ဘာ့ဖလားခြေစစ်ပွဲတွေနဲ့ လှုပ်ခတ်နေတဲ့ နိုင်ငံလက်ရွေး စင်အသင်းတွေထဲမှာ အာဖရိကဖလားပြိုင်ပွဲကလည်း ပြိုင်ပွဲဝင်အသင်းတွေအတွက် ကတော့ စိတ်လှုပ်ရှားစရာပါပဲ။ က္ဘာ့ထိပ်တန်းကလပ်အသီးသီးမှာ အာဖရိကဘောလုံး သမားတွေ ခြေစွမ်းပြနေတာမို့ အခုအာဖရိကဖလားပြိုင်ပွဲဟာ က္ဘာကျော်ဘောလုံး သမားတွေ အများအပြားပါဝင်ဆင်နွှဲကြမှာဖြစ်ပါတယ်။ ပရိသတ်တွေအတွက်တော့ စောင့်ကြည့်ချင်စရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်နေပြန်ပါတယ်။ အုပ်စု ၁၃ စု ပါဝင်တဲ့ ဒီပြိုင်ပွဲဟာ အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတွေအများအပြားပါဝင်မှာ အမှန်ပါပဲ။

ဆီနီဂေါနှင့် နမီးဘီးယား
အုပ်စု(K)မှာ ပါဝင်တဲ့ အသင်းတွေဖြစ်ပြီး ဒီအုပ်စုမှာ ဆီနီဂေါ၊ အူနန်ဒီ၊ နမီးဘီး ယားနဲ့ နိုင်ဂျာအသင်းတွေပါဝင်နေပါတယ်။ နိုင်ဂျာ၊ ရဝမ်ဒါနဲ့ ဘူရန်ဒီအသင်းတွေကို ဆက်တိုက်နိုင်ပွဲရထားတဲ့ ဆီနီဂေါရဲ့ ခြေစွမ်းက တိုက်စစ်ရော၊ ခံစစ်ပါအကောင်းဆုံး အနေအထားရှိပါတယ်။ နမီးဘီးယားတို့ကလည်း ဘော့စ်ဝါနားမိုဇမ်ဘစ်နဲ့ ဇမ်ဘီ ယာအသင်းတွေကို ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာမို့ အခုပွဲမှာ ခြေစွမ်းတူညီနေပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှုရလဒ်ကိုကြည့်ရင် ဆီနီဂေါတို့က နှစ်ဂိုးပြတ်နိုင်ပွဲရထား တာမို့ အခုပွဲအိမ်ကွင်းမှာ ဆီနီဂေါတို့ပဲ အနိုင်ယူသွားပါလိမ့်မယ်။

တူနီးရှားနှင့် လိုက်ဗေးရီးယား
အုပ်စု(A)မှာ လိုက်ဗေးရီးယား၊ တူနီးရှား၊ တိုဂိုနဲ့ ဒီဘူတီအသင်းတွေပါဝင်နေပါ တယ်။ ဒီအုပ်စုမှာ လိုက်ဘေးရီးယားတို့ ခြေအစွာဆုံးဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ ဒီဘူတီအသင်းကို နှစ်ကျော့စလုံးနိုင်ကာ တိုဂိုကိုတော့ သရေပွဲဖြစ်ခဲ့ပါတယ်။ လောလောဆယ်မှာ လိုက်ဘေးရီးယားတို့က အုပ်စု(A)မှာ ငါးပွဲကစားပြီး သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်တွေနဲ့ ၁ဝ မှတ်ရရှိကာ အုပ်စုကိုဦးဆောင်နေပါတယ်။ တူနီးရှားတို့ကလည်း ငါးပွဲကစားပြီး ခုနစ်မှတ်ရနေပါတယ်။ တူနီးရှားတိုက်စစ်မှူး တွေက ဂိုးသွင်းစွမ်းရည်မြင့်မားသလို ခံစစ်ပိုင်းလည်း ကျစ်လျစ်တာမို့ ပထမအကျော့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားတာကို တူနီးရှားတို့ ဒီပွဲမှာ အနိုင်နဲ့ချေဖျက်ပါလိမ့်မယ်။
နိုင်ဂျီးရီးယားနှင့် တန်ဇန်းနီးယား
အုပ်စု(G)မှာ အီဂျစ်၊ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယားနဲ့ ချက်အသင်းတွေ ပါဝင်နေ ပါတယ်။ ဒီအုပ်စုမှာ နိုင်ဂျီးရီးယားတို့က သုံးပွဲကစားပြီး နှစ်မှတ်နဲ့အုပ်စုဒုတိယနေရာ မှာရှိနေသလို တန်ဇန်းနီးယားတို့ကလည်း သုံးပွဲကစား၊ တစ်မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ခံစစ်ပိုင်းယိုယွင်းနေတဲ့ တန်ဇန်းနီးယားတို့က နိုင်ဂျီးရီးယားကို အခုပွဲမှာ သရေရဖို့တောင်မလွယ်ပါဘူး။

အိုင်ဗရီကို့စ်နှင့် ဆီရီယာလီယွန်
အုပ်စု(I)မှာ အိုင်ဗရီကို့စ်တို့က ငါးပွဲကစားပြီး ကိုးမှတ်ရရှိနေပါတယ်။ ဆီရီယာလီ ယွန်တို့က ငါးပွဲကစား၊ ခုနစ်မှတ်နဲ့ အုပ်စုဒုတိယနေရာမှာပါ။ ဒီနှစ်သင်းရဲ့ စွမ်းဆောင် မှုကိုကြည့်ရင် အိုင်ဗရီကို့စ်တို့က တစ်ဦးချင်းရော အသင်းလိုက်ပါ ကစားအားကောင်း နေပြီး နိုင်ပွဲရလိုမှုစိတ်ဓာတ်လည်း ပြင်းထန်နေပါတယ်။ အစဉ်အလာအရ ဆီရီယာလီ ယွန်တို့ အိုင်ဗရီကို့စ်ကို နိုင်ပွဲရတာနည်းတာမို့ အခုပွဲဟာ အိမ်ရှင်အိုင်ဗရီကို့စ်တို့ရဲ့ နိုင်ပွဲ ပါပဲ။
ဂါနာနှင့် ရဝမ်ဒါ
အုပ်စု(H)မှာ ဂါနာ၊ ရဝမ်ဒါ၊ မော်ရေးသျှနဲ့ မိုဇမ်ဘစ်တို့ ပါဝင်နေပြီး ဂါနာတို့က ငါးပွဲကစားပြီးချိန် ၁၃ မှတ်နဲ့ အုပ်စုကိုဦးဆောင်နေပါတယ်။ ရဝမ်ဒါက ငါးပွဲကစား၊ ခြောက်မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ ပထမအကျော့မှာ ဂါနာတို့က တစ်ဂိုး-ဂိုး မရှိနဲ့ နိုင်ထားပါတယ်။ ဂါနာရဲ့ လောလောဆယ်ခြေစွမ်းကိုကြည့်ရင် မိုဇမ်ဘစ်နဲ့ မော်ရေးသျှအသင်းတွေကို ရှုံးပွဲမရှိ အားထုတ်ထားတာတွေ့ရပါတယ်။ ငါးပွဲမှာ ၁၃ ဂိုး သွင်းထားတဲ့ ဂါတာတိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကိုပဲ ယုံကြည်ထားရမယ့်ပွဲပါ။

No comments:

Post a Comment