Monday, August 1, 2016

တစ်ပတ် ပေါင်တစ်သိန်း လိုချင်တဲ့ မာရက်


ကောင်းမြတ်သူ-စုစည်းသည်

ပြီးခဲ့တဲ့ ပရီမီယာလိဂ်မှာ လက်စတာအသင်းကို ဖလားရအောင် အဓိကခြေစွမ်း ပြကစားပေးခဲ့သူတွေထဲမှာ မာရက်လည်း ပါဝင်ပါတယ်။ အယ်လ်ဂျီးရီးယားတိုက်စစ် မှူး မာရက်ဟာ ဂျိမ်းဗာဒီနဲ့ အတွဲညီတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ သူဟာ လက် စတာနဲ့ သုံးနှစ်စာချုပ်ထားရာမှ တစ်ပတ်ကို ပေါင် ၄ဝဝဝဝ ပဲရတယ်လို့ ဆိုပါတယ်။ နည်းပြယာနီရေးရီကတော့ အနည်းဆုံးတစ်ရာသီမက လက်စတာအသင်းမှာ ဆက် လက်ကစားပေးဖို့ မာရက်ကို လိုလားတယ်လို့ ဆိုပါတယ်။ မာရက်ကို လက်စတာနည်းပြ က အသင်းမှာ ဆက်လက်ကစားပေးဖို့ လိုလိုလားလားရှိနေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း မာရက်က လက်ရှိလစာပေါင် ၄ဝဝဝဝ ကနေ ပေါင် တစ်သိန်းအထိ တိုးပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ကစားဖော် ဂျိမ်းဗာဒီရနေတဲ့ လစာပေါင် တစ်သိန်း အထိ သူ ရသင့်တယ်လို့ မာရက်က တောင်းဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ မာရက် ကို အာဆင်နယ်က ပေါင်သန်း ၄ဝ ပေးပြီးခေါ်ယူဖို့ အကြိမ်ကြိမ်ဆက်သွယ် မှုတွေပြု လုပ်နေတယ်လို့ ဆိုပါတယ်။ နည်းပြ ယာနီရေးရီအနေနဲ့ကတော့ မာရက်ကို ဆက်လက် ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲပါ။

No comments:

Post a Comment