Monday, August 1, 2016

မိုးပျံပူဖောင်းပျက်ကျမှုကြောင့် ခရီးသည် ၁၆ ဦးသေဆုံး



 


ဟူစတန်    ဇူလိုင်   ၃၁

အမေရိကန်ပြည်ထောင်စုရှိ တက္ကဆက် ပြည်သူ့လုံခြုံရေးဌာနက လော့ခ်ဟာ့ဒ်    မြို့ အနီး  မိုးပျံပူဖောင်းမီးလောင်ကျွမ်း     ပျက်ကျမှုကြောင့် စနေနေ့ နံနက်ပိုင်းက လူ ၁၆ ဦးသေဆုံးခဲ့ရသည်ဟု အတည် ပြုပြောကြားသည်။  စနေနေ့  နံနက်     ပိုင်း  ဒေသစံတော်ချိန်  ၇ နာရီ     မိနစ် ၄ဝ က မိုးပျံပူဖောင်းပျက်ကျမှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။  မိုးပျံပူဖောင်းပေါ် တွင်  လူ ၁၆ ဦးလိုက်ပါခဲ့ပြီး     မြက်တော   ထဲသို့     ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု လေကြောင်း   အာဏာပိုင်အဖွဲ့ချုပ်က စနေနေ့က ပြောကြားသည်။
ဒေသခံ     ရဲအရာရှိများကလည်း မိုးပျံပူဖောင်းပျက်ကျမှုကြောင့်   မီးပုံးပျံ ပေါ် တွင်    လိုက်ပါလာသူထဲမှ   မည်သူ တစ်ဦးတစ်ယောက်မျှ    အသက်ရှင် ကျန်ရစ်ခြင်းမရှိကြောင်း  ဒေသတွင်း ရုပ်သံလိုင်းသို့      ပြောကြားခဲ့သည်။   လေကြောင်း  အာဏာပိုင်အဖွဲ့ချုပ်နှင့်   အမျိုးသားသယ်ယူပို့ဆောင်ရေး     လုံခြုံရေးဘုတ်အဖွဲ့က    ပျက်ကျရခြင်း၏အကြောင်းအရင်းများကို  စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။
တက္ကဆက်ပြည်နယ်    အုပ်ချုပ် ရေးမှူး   ဂရက်အက်ဘော့ကလည်း သေဆုံးသူများ အားလုံးအတွက်   ဝမ်း နည်းကြောင်းပြောခဲ့ပြီး    ယခုတစ်ကြိမ် ဖြစ်ပွားမှုမှာ    မိုးပျံပူဖောင်းပျက်ကျမှု သမိုင်းတွင် အဆိုးရွားဆုံးဖြစ်ကြောင်း ဆိုသည်။ (ဆင်ဟွာ)

No comments:

Post a Comment