Monday, August 1, 2016

အမြင့်ပျံသန်းမယ့် မစ်ဒယ်ဘရော့တို့ရဲ့ အားမာန်

မိုးမြင့်လင်းလက်

၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ်ပွဲစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။ ဒီနှစ် ပရီမီယာလိဂ်ဟာ နည်းပြသစ်တွေ၊ ကစားသမားသစ်တွေရောက်ရှိလာမှု ကြောင့် ပြိုင်ပွဲမစတင်မီကတည်းက စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်။ ဒါ့အပြင် ပရီမီယာလိဂ်ကို တန်းတက် လာတဲ့ အသင်းတွေကလည်း ပြင်ဆင်မှုတွေအကောင်း ဆုံးပြုလုပ်နေတာမို့ မကြာမီရောက်ရှိဆင်နွှဲတော့မယ့် ပရီမီယာလိဂ်ဟာ ကြိုတင်ရင်ခုန်စရာကောင်းနေပါ တယ်။ ဒီနှစ် ပရီမီယာလိဂ်ကို တန်းတက်လာတဲ့ အသင်း တွေထဲမှာ မစ်ဒယ်ဘရော့တို့ရဲ့ ပြင်ဆင်ထားမှုကလည်း အားရစရာကောင်းနေတာတော့ အမှန်ပါပဲ။

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဒုတိယ ရရှိခဲ့တဲ့ မစ်ဒယ်ဘရော့တို့က ပရီမီယာလိဂ်ကို လွတ်လွတ် ကျွတ်ကျွတ်တန်းတက်လာခဲ့တာဖြစ်ပါတယ်။ မစ်ဒယ် ဘရော့အသင်းရဲ့ သမိုင်းမှာတော့ ပရီမီယာလိဂ်ကို ယှဉ် ပြိုင်ခဲ့တဲ့ အကြိမ်ဟာ အခုအကြိမ်နဲ့ဆိုရင် ၁၅ ကြိမ် မြောက်ဖြစ်လို့ ပရီမီယာလိဂ်နဲ့ မစိမ်းတဲ့အသင်းဖြစ်သလို အိမ်ကွင်းမှာ ပြိုင်ဘက်တိုင်းကို ထိတ်လန့်အောင်ကစား နိုင်တဲ့ အစဉ်အလာရှိတဲ့အသင်းလည်း ဖြစ်ပါတယ်။

ဘိုရိုလို့ အမည်ပြောင်ခေါ်ဝေါ်ကြတဲ့ မစ်ဒယ်ဘရော့ အသင်းကို နည်းပြ ကာရန်ကာက ကိုင်တွယ်နေတာဖြစ် ပြီး မစ်ဒယ်ဘရော့အသင်းပိုင်ရှင် စတိပ်ဂစ်ဆင်ကလည်း နည်းပြ ကာရန်ကာရဲ့ ကိုယ်တွယ်မှုကို သဘောကျနှစ် သက်နေပြီး အသင်းအတွက် လိုအပ်တဲ့ပြင်ဆင်မှုဖြည့် ဆည်းမှုနဲ့ ကစားသမားသစ်ခေါ်ယူမှုတွေကို စိတ်တိုင်း ကျ တည်ဆောက်ခွင့်ပြုထားပါတယ်။ အခုဆိုရင် ဒီနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ မစ်ဒယ်ဘရော့အနေနဲ့ ကစားသမားအသစ် ခြောက်ဦး အထိ ခေါ်ယူခဲ့ပြီး အသင်းက ကစားသမားလေးဦးကို တော့ အသင်းက ထွက်ခွာခွင့်ပြုခဲ့ပါတယ်။

မစ်ဒယ်ဘရော့အသင်းဟာ လာမယ့်ပရီမီယာလိဂ် အတွက် ကစားသမားအသစ်ခေါ်ယူမှုတွေကိုကြည့်ရင် အတ္တလန်တာအသင်းက ကွင်းလယ်ကစားသမား မာတင်ဒီယွန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းနဲ့ ခေါ် ယူခဲ့သလို အေဂျက်အသင်းက တိုက်စစ်မှူး ဖစ်ရှာကို လည်း ပြောင်းရွှေ့ကြေး ပေါင် ၃ ဒသမ ၈ သန်းနဲ့ ခေါ်ယူ ထားပြီဖြစ်ပါတယ်။ ဒ့ါအပြင် ဗလင်စီယာအသင်းက တိုက်စစ်မှူး နီဂရီိဒိုကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူ ထားသလို ရာမီရက်ဇ်ကိုလည်း ကွင်းလယ်အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူအားဖြည့်ထားပါ တယ်။ နောက်တန်းခံစစ်အတွက်လည်း ဗလင်စီယာ အသင်းက ဘာရာဂန်ကိုခေါ်ယူထားသလို အသင်းလက် မဲ့ဖြစ်နေတဲ့ ဘာစီလိုနာဂိုးသမားဟောင်း ဗဲလ်ဒက်စ်ကို လည်း ခေါ်ယူထားတာမို့ မစ်ဒယ်ဘရော့ဟာ ဂိုး၊ နောက် တန်း၊ ကွင်းလယ်နဲ့ တိုက်စစ်တွေမှာ ဟန်ချက်ညီအောင် အားဖြည့်ပြင်ဆင်ထားတာတွေ့ရပါတယ်။

အခုလာမယ့် ပရီမီယာလိဂ်ရာသီမှာတော့ မစ်ဒယ် ဘရော့တို့အနေနဲ့ တန်းမဆင်းရရေးဦးတည်ပြီး ကစား သွားဖို့ရှိပေမယ့် သူတို့အသင်းက အဆင့် ၁ဝ အတွင်း ဝင်နိုင်အောင် ကြိုးစားသွားမယ်လို့ နည်းပြ ကာရန်ကာ က ပြောကြားနေပါတယ်။ မစ်ဒယ်ဘရော့အသင်းဟာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်က လိဂ်ဖလားဆွတ်ခူးခဲ့ပြီး ၁၉၉၆- ၁၉၉၇ ခုနှစ်က အက်ဖ်အေဖလားပွဲမှာ ဒုတိယရရှိခဲ့တဲ့ မှတ်တမ်းရှိသလို ၂ဝဝ၅-၂ဝဝ၆ က ယူရိုပါလိဂ်မှာလည်း ဒုတိယရရှိခဲ့တဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထား ပါတယ်။
ဒါကြောင့် မကြာခင် စတင်ဆင်နွှဲတော့မယ့် ပရီမီယာ လိဂ်ရာသီမှာ တန်းတက်မစ်ဒယ်ဘရော့တို့ရဲ့ အမြင့်ပျံ သန်းမယ့် စွမ်းဆောင်မှုက ဘယ်လောက်အထိ သက် သေပြနိုင်မလဲဆိုတာ စောင့်ကြည့်အကဲခတ်ရတော့မှာပဲ ဖြစ်ပါတယ်။

No comments:

Post a Comment