Sunday, August 28, 2016

ကုလသမဂ္ဂ၏လုပ်ငန်းများတွင် တရုတ်ကူညီပေးမည်ဟု ပြောကြား


Image may contain: 3 people , indoor
 ပေကျင်း သြဂုတ် ၂၇

တရုတ်ဝန်ကြီးချုပ် လီခချန်းသည် သြဂုတ် ၂၅ ရက်က (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေအစည်းအဝေးပွဲကျင်းပ ရေးဥက္ကဋ္ဌ ပီတာသွမ်န်ဆင်န်နှင့်တွေ့ဆုံပြီး ကုလသမဂ္ဂ၏လုပ်ငန်း ဆောင်တာများတွင် ပါဝင်ကူညီရန် ပြောကြားလိုက်သည်။
ကမ္ဘာ့စီးပွားရေးနှေးကွေးလေးလံစွာ နာလန်ပြန်ထမှုနှင့် အတူ နိုင်ငံတကာအခြေအနေများမှာလည်း မသေချာမှုများ၊ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ပထဝီနိုင်ငံရေးခြိမ်း ခြောက်မှုများ ကြီးထွားလာသကဲ့သို့ အကြမ်းဖက်ဆူပူမှုများ နှင့်လည်း ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် ဒုက္ခသည်ဆိုင်ရာ အရေးကိစ္စများလည်းရှိသေးကြောင်း တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂကို အပြည့်အဝ ကျားကန် မှုများ ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း လီက သွမ်န်ဆင်န်ကို ပြောကြားခဲ့သည်။
ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ပါဝင်မှုကို ထိန်းသိမ်း လာသည်မှာ ၄၅ နှစ်မြောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် ကုလသမဂ္ဂနှင့်ပူးပေါင်းပြီး နိုင်ငံတကာစနစ်များကို ထိန်းသိမ်းခဲ့ကြောင်း စသည်ဖြင့် ဝန်ကြီးချုပ်လီက ပြောကြား ခဲ့သည်။
တရုတ်သည်ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်ကို ကာကွယ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသော အခြေ အနေအလိုက် ကုလသမဂ္ဂ၏ လုပ်ငန်းဆောင်တာများတွင် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြား ခဲ့သည်။
လွန်ခဲ့သည့်နှစ်က ကုလသမဂ္ဂ အစည်းအဝေးတွင် စတင်ခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ၂ဝ၃ဝ လုပ်ငန်းစဉ်ကို လည်း ထောက်ခံမှုပြုပါကြောင်း၊ ယင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုး မှု ၂ဝ၃ဝ လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်း ချက် ၁၇ ချက် ပါဝင်ရုံသာမက မျှော်မှန်းချက် ၁၆၉ ခု လည်း ပါဝင် ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လာမည့် ၁၅ နှစ်အတွင်း က္ဘာကြီးကို ဆင်းရဲတွင်းမှ ကယ်တင်မည့် လမ်းပြမြေပုံပင် ဖြစ်ပါကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘာပေါ်တွင် တရုတ်သည် အင်အားတောင့်တင်း ခိုင်မာသောနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများနှင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဖော် ဆောင် ရာတွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း သွမ်န်ဆင်န်က ပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် တရုတ် ၏ ကာလရှည်ကြာ ကူညီထောက်ပံ့မှုများကိုလည်း အသိအမှတ် ပြုပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂအနေဖြင့်လည်း တရုတ် နိုင်ငံနှင့်ဆက်ဆံရေး ကောင်းသည်ထက်ကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။
စက်တင်ဘာလတွင် စတင်တာဝန် ထမ်းဆောင်သည့် သွမ်န်ဆင်န်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိ၏ဖိတ်ကြားမှုဖြင့် တရုတ်နိုင်ငံသို့ ကြာသပတေးနေ့မှ စနေနေ့အထိ အလည်အပတ်ရောက်ရှိနေကြောင်း သိရသည်။

(ဆင်ဟွာ)

No comments:

Post a Comment