ဂျီနီဗာ သြဂုတ် ၂၇
လွန်ခဲ့သောနှစ်လကျော်ကတည်းက ပြုလုပ်နေခဲ့သည့်မြောက်ကိုရီးယား၏
ဒုံးလက်နက်စမ်းသပ်ပစ်လွှတ်ခြင်းကို ကုလ သမဂ္ဂလုံခြုံရေးကောင်စီက
ပြင်းထန်စွာဝေဖန်လိုက်ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် သြဂုတ် ၂၆
ရက်ကဖော်ပြ ခဲ့သည်။ သောကြာနေ့က ပြုလုပ်ခဲ့သော အရေးပေါ်အစည်းအဝေးတွင်
အဖွဲ့ဝင် ၁၅ နိုင်ငံက တစ်ပြိုင်နက်တည်း ကြေညာချက် တစ်ခုကိုထုတ်ပြန်ခဲ့သည်။
ယခုအပတ်အစောပိုင်းတွင် မြောက်ကိုရီးယား၏
ဒုံးလက်နက်စမ်းသပ်မှုပြုလုပ်ပြီးနောက် ထိုသို့
ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုအပတ်အစောပိုင်းတွင် စမ်းသပ်လိုက်သော ဒုံးကျည်သည် ဂျပန်ပင်လယ်ထဲသို့ မကျမီ ကီလိုမီတာ ၅ဝဝခန့် ပျံသန်းခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် မြောက်ကိုရီးယား၏ ဒုံးလက်နက်စမ်းသပ်လုပ်ဆောင်မှုများသည် တင်းမာမှုများကို မြင့်တက် စေကြောင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်စမ်းသပ်ခြင်းအပါအဝင် ထိုကဲ့သို့ ဖျက်အားပြင်း နျူနည်းပညာများကို စမ်းသပ်မှုမပြုဘဲရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါကြေညာချက်က မြောက်ကိုရီးယား၏ ဒုံးလက်နက်စမ်းသပ်ခြင်းကိုဆန့်ကျင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယင်းဆုံးဖြတ်ချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန် စွမ်းစွမ်းတမံကြိုးစားဆောင် ရွက်ကြရန်လိုကြောင်း တိုက်တွန်းထားသည်။

(အင်န်အိတ်ခ်ျကေ)
No comments:
Post a Comment