Wednesday, August 31, 2016

ကာဇက်စတန်ရှိ တရုတ်သံရုံး၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွား




ပေကျင်း သြဂုတ် ၃ဝ

အင်္ဂါနေ့က ကာဇက်စတန်မြို့တော် ဘိရှပ်ရှိ တရုတ်သံရုံးဝင်ပေါက်၌ အသေခံဗုံးခွဲသမားတစ်ဦးက ဂိတ်တံခါးကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အခြားသုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာကပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက သံရုံးဝင်းအတွင်း၌ ကားတစ်စီးပေါက်ကွဲခဲ့ကြောင်း၊ ယင်းအပြုအမူမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်Janysh Razakov၏ ပြောဆိုမှုကို ကိုးကားပြောခဲ့သည်။
ရဲများနှင့်လုံခြုံရေးဝန်ထမ်းများက အခင်းဖြစ်ပွားရာနေရာ၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ကာဇက်စတန်ရှိ အာဏာပိုင်များက အဆိုပါလုပ်ရပ်မှာ အာရှတိုက်အလယ်ပိုင်းရှိ အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိနိုင်ကြောင်း စွပ်စွဲပြောဆိုနေကြသည်။
(ရိုက်တာ)

No comments:

Post a Comment