Wednesday, August 31, 2016

အမေရိကန်နှင့် အိန္ဒိယ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး



 
 
နယူးဒေလီ သြဂုတ် ၃ဝ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီနှင့် စီးပွားရေးဝန်ကြီး ပန်နီပရစ်ဇ်ကာ တို့သည် အင်္ဂါနေ့က အိန္ဒိယအစိုးရနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နှစ်ရက်တာ ဆွေးနွေးပွဲကိုစတင်ခဲ့ပြီး ကတ်ရှ်မီးယားဒေသနှင့်ပတ်သက်၍ ပါကစ္စတန်နှင့် ဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကယ်ရီသည် နယူးဒေလီသို့ တနင်္လာနေ့ညက အမေရိကန်- အိန္ဒိယမဟာဗျူဟာ မြောက် နှစ်ပတ်လည်နေ့အတွက်ရောက်ရှိခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု များ ပြုလုပ်သွားမည်ဖြစ်သည်။
အိန္ဒိယအုပ်ချုပ်သော ကတ်ရှ်မီးယားဒေသရှိအခြေအနေနှင့် အာဖဂန်နစ္စတန် အရေးကို အဂ¯နေ့တွင် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ အာဂျစ်ဒိုဗယ်နှင့် ဆွေးနွေးသွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် နာရ္ဒြိာမိုဒီနှင့်လည်းတွေ့ဆုံ သွားမည်ဖြစ်ကြောင်း အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ဆွေးနွေးချိန်အတွင်း ကယ်ရီအနေဖြင့် ပါကစ္စတန်နှင့် အိန္ဒိယနှစ်နိုင်ငံ အတွက် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားရန်တိုက်တွန်းသွားလိမ့်မည်ဖြစ်ကြောင်း ထိပ်တန်းအရာရှိက ပြောသည်။ (ရိုက်တာ)

No comments:

Post a Comment