Tuesday, August 2, 2016

ညောင်တုန်းမြို့၌ ဧရာဝတီမြစ်ရေအတိုးကြမ်းဆဲ စိုးရိမ်ရေမှတ်အထက် နှစ်ပေကျော်လွန်

The Mirror Daily's photo.
ညောင်တုန်း သြဂုတ် ၁
ဧရာဝတီမြစ်ရေသည် ညောင်တုန်းမြို့နယ်၌ အတိုးကြမ်း လျက်ရှိဆဲဖြစ်ရာ ညောင်တုန်းမြို့၏ စိုးရိမ်ရေအမှတ် ၂၂ ဒသမ ၅ ပေအထက်ကျော်လွန်ကာ သြဂုတ် ၁ ရက် ညနေ ၆ နာရီက ၂၄ ဒသမ ၅ ပေသို့ ရောက်ရှိနေရာ စိုးရိမ်ရေအမှတ်အထက် နှစ်ပေမြင့်တက်နေကာမြစ်ရေအတိုးကြမ်းနေသည်။
အထက်ပိုင်းဒေသများတွင် မြစ်ရေတက်နေဆဲ ဖြစ်သဖြင့် ညောင်တုန်းမြို့၌လည်းဧရာဝတီမြစ်ရေမှာ ဆက်လက်တက်နိုင်ဖွယ်ရှိသေးကြောင်း သိရသည်။
ရေကာတာပြင်ပရှိနေအိမ်များသို့လည်းရေများဝင်ရောက်လျက်ရှိရာ သတိဖြင့်နေထိုင်ကြရန်လည်း နှိုးဆော်ထားသည်။
ညောင်တုန်းမြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးသန့်ဇော်ဦးနှင့်ကော်မတီဝင်များ၊ ဧရာဝတီတိုင်း ဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဒေါ်နီနီနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကလည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြသည့်အပြင် မြစ်ကမ်းတစ်လျှောက်ရေကာတာများတွင် နေ့ညရေကင်းများဖြင့် စောင့်ကြပ်လျက်ရှိသည်။ ညောင်တုန်းမြို့ရေကာတာမှာ ယခုနှစ်နွေရာသီတွင် အမြင့် ၃ဝ ဒသမ ၅ ပေအထိ မြှင့်တင်တည်ဆောက်ထား မှုကြောင့် စိုးရိမ်ဖွယ်မရှိကြောင်းသိရသည်။
မြို့နယ်အတွင်းစိုးရိမ်ရသောကျေးလက်ဒေသများတွင်လည်းကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားကြောင်း သိရသည်။
နေလင်း(ညောင်တုန်း)

No comments:

Post a Comment