Tuesday, August 2, 2016

ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့မှာ အသင်းကြီးတွေ နောက်တစ်ဆင့် တက်လှမ်းနိုင်ပါ့မလား



မိုးမြင့်လင်းလက်

ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်တွေကို သြဂုတ် ၃ ရက်မှာ ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်တွေမှာ စတူအာဘူခါရက်၊ ရှက်တာဒိုးနက်နဲ့ အေပိုးအသင်းတွေရဲ့ စွမ်းဆောင်မှုဟာ ဘယ်လောက် ကောင်းမွန်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တဲ့ အထိ အားထုတ်နိုင်ကြမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ဆိုတာ ဒီပွဲစဉ်တွေမှာ ရေ ကုန်ရေခန်း ယှဉ်ပြိုင်ကစားမှ ရပါလိမ့်မယ်။

ယန်းဘွိုင်းနှင့် ရှက်တာဒိုးနက်
ပထမအကျော့ ပွဲစဉ်မှာ ယန်းဘွိုင်းတို့ နှစ်ဂိုးပြတ်နဲ့ ရှုံးထားတာမို့ အခုပွဲအိမ်ကွင်းမှာ အနိုင်ရဖို့ ခြေကုန်ဖွင့် မှာဖြစ်ပေမယ့် ရှက်တာဒိုးနက်တို့ကို နိုင်ဖို့မလွယ်လောက် ပါဘူး။ ဆွစ်ဇာလန်လိဂ်ကလပ် ယန်းဘွိုင်းဟာ ခံစစ်ပိုင်း အားနည်းပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေကို ထိန်းချုပ်ရာမှာ အမှားအယွင်းတွေရှိတတ်တာမို့ အခုပွဲ မှာလည်း ရှက်တာဒိုးနက်တို့ပဲ နိုင်ပွဲရသွားဖို့များပါ တယ်။ ရှက်တာဒိုးနက် တိုက်စစ်မှူးတွေဟာ အခက် အခဲကြားမှာ ဂိုးရအောင် သွင်းယူနိုင်သူတွေဖြစ်တာမို့ ဂိုးမပြတ်ပေမယ့် 
ဧည့်သည်တို့ပဲ နိုင်ပွဲရယူသွားပါလိမ့် မယ်။

စတူအာဘူခါရက်နှင့် စပါတာပရပ်
ပထမအကျော့မှာ တစ်ဂိုးစီသရေပွဲဖြစ်ထားတာမို့ ဒီ ပွဲက အကြိတ်အနယ် ကစားကြမယ့်ပွဲပါပဲ။ ရိုမေးနီးယား ကလပ် စတူအာဘူခါရက်တို့က တိုက်စစ်ရောခံစစ်ပါ ထူးခြားတဲ့ထက်မြက်မှုမရှိပါဘူး။ ချက်ကလပ် စပါတာ ပရပ်တို့က တိုက်စစ်ဖွင့်ကစားတတ်သလို ခံစစ်ပိုင်းက လည်း ကျစ်လစ်တောင့်တင်းပါတယ်။ စတူအာဘူခါရက် တို့ရဲ့ ခံစစ်ကြောင်းက ပြိုင်ဘက်တိုက်စစ်မှူးတွေကို ဟန့် တားထိန်းချုပ်ရာမှာ ကျွမ်းကျင်သူတွေဖြစ်တာကြောင့် အခုပွဲဟာ အိမ်ရှင်တို့ အလေးသာမှု ရှိနေပြီး နောက်တစ် ဆင့်တက်ရေး အခြေအနေကောင်းသွားနိုင်ပါတယ်။

ဆဲလ်ဘတ်နှင့် တီရာနာ
ပထမအကျော့မှာ သြစတြီးယားကလပ်ဆဲလ်ဘတ် တို့က တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ဆဲလ်ဘတ်တို့က သြစတြီးယားလိဂ်မှာတော့ ချန်ပီယံဖြစ်ပြီး ဂိုးသွင်းအား ကောင်းတဲ့ တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားပါတယ်။ တီ ရာနာတို့ကလည်း အယ်လ်ဘေးနီးယားလိဂ်မှာတော့ ပြီးခဲ့တဲ့နှစ်က ဒုတိယရရှိခဲ့တဲ့ အသင်းဖြစ်တာမို့ လျှော့ တွက်လို့မရပါဘူး။ တိုက်စစ်မှာ ဆဲလ်ဘတ်တို့ကသာလွန် ပြီး ခံစစ်ပိုင်းမှာတော့ တီရာနာတို့က ပိုပြီး ကောင်းမွန် တာတွေ့ရပါတယ်။ ဒါပေမယ့် အိမ်ရှင်ဖြစ်တဲ့ ဆဲလ်ဘတ် တို့ ဒီပွဲမှာ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းသွား ပါလိမ့်မယ်။

အေပိုးနှင့် ရိုဆင်ဘော့
အေပိုးတို့ဟာ ပထမအကျော့ပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တာမို့ အခုပွဲမှာ ရှုံးကြွေးဆပ်ပြီး နိုင်ပွဲရနိုင်မလားကြည့် ရမှာဖြစ်ပါတယ်။ ဆိုက်ပရပ်ကလပ် အေပိုးဟာ တိုက်စစ် မှူးကောင်းတွေရှိနေပြီး ဂိုးသွင်းအားလည်း ကောင်းပေ မယ့် ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာတော့ ကစားသမား မစုံခဲ့ပါဘူး။ ခံစစ်ပိုင်း ထူးထူးခြားခြား ကောင်းမွန်တဲ့ အေပိုးတို့ အခုပွဲအိမ်ကွင်းမှာ ကစားမှာမို့ အားထည့်ပါ လိမ့်မယ်။ ရိုဆင်ဘော့တို့ကလည်း နော်ဝေလိဂ်မှာတော့ ပြိုင်ဘက်အသင်းတွေကို ပညာပေးနေတဲ့ အသင်းဖြစ်ပြီး နိုင်ပွဲဆက်အောင် ကစားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ရို ဆင်ဘော့ရဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲရလဒ်ကိုကြည့် ရင် နော်ကိုပင်၊ ဟူဂီဆောင်နဲ့ အေပိုးတို့ကို ဆက်တိုက် နိုင်ပွဲတွေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ် ကွင်းမှာဆိုရင် ပြိုင်ဘက်တွေကို နိုင်အောင်ကစားနိုင်တဲ့ အေပိုးရဲ့ စွမ်းဆောင်မှုကို ရိုဆင်ဘော့တို့ ကြာရှည်ထိန်း ချုပ်လို့မရနိုင်ပါဘူး။ အိမ်ရှင်အေပိုးတို့ပဲ အနိုင်ကစားပြီး နောက်တစ်ဆင့်တက်သွားနိုင်မယ်လို့ ယူဆပါတယ်။ ။

No comments:

Post a Comment