Tuesday, August 2, 2016

ရှောလ်ကေးတိုက်စစ်မှူး လွီရွိုင်းဆိန်းကို မန်စီးတီးက ခေါ်ယူဖို့ နီးစပ်လာ


ကောင်းမြတ်သူ-စုစည်းသည်

ဂျာမနီ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းရဲ့ တောင်ပံတိုက်စစ်မှူး လီရွိုင်း ဆိန်းကို မန်စီးတီးက ခေါ်ယူဖို့ နီးစပ်လာပါတယ်။ မန်စီးတီးနဲ့ ရှော်လ်ကေးတို့ဟာ လီရွိုင်းဆိန်းရဲ့ ပြောင်းရွှေ့ကြေးကို ကနဦး သဘောတူညီချက်အရ ပေါင် ၃၁ ဒသမ ၂ သန်းနဲ့ အပြောင်းရွှေ့ဖြစ်လာနိုင်ပါတယ်။ မန်စီးတီးကို အပြီးသတ် စာချုပ်ပြောင်းရွှေ့ ခြင်း မတိုင်မီ လီရွိုင်းဆိန်းက 'နှုတ်ဆက်ခဲ့ ပါတယ် ရှော်လ်ကေး'လို့ ပြောဆိုနေပြီဖြစ်ပါ တယ်။ ရှော်လ်ကေး ကစားဖော်တွေကို နှုတ်ဆက်ပြီး မန်ချက်စတာမြို့ကို ထွက်ခွာဖို့ ပြင်ဆင်နေပြီလို့ သူကဆိုပါတယ်။ ကျွန်တော့်အနေနဲ့ မန်စီးတီးကို ပြောင်းချင်နေတာ ကြာခဲ့ပါပြီ။ မကြာမီမှာ ဆန္ဒပြည့်ဝတော့မှာ ဖြစ်ပါတယ်လို့ တောင်ပံတိုက်စစ်မှူး လီရွိုင်းဆိန်းက ဆိုပါတယ်။ သို့ပေမယ့် ရှော်လ် ကေးကတော့ အသက် ၂ဝ အရွယ်ရှိတဲ့ တိုက်စစ်မှူး လီရွိုင်းဆိန်းရဲ့ ပြောင်းရွှေ့ကြေး ကို ပေါင်သန်း ၅ဝ အထိ လိုချင်နေတယ်လို့ ဆိုပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာအနေနဲ့ အရည်အချင်းပြည့်ဝတဲ့ ဂျာမနီ လူငယ်ကစားသမား လီရွိုင်းဆိန်းကို အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာဖို့ ပံ့ပိုးမှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။

No comments:

Post a Comment