Tuesday, August 2, 2016

အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အိမ်ရှင်မြန်မာနှင့် ဗီယက်နမ်တို့ ဆီမီးတွင် တွေ့ဆုံ



The Mirror Daily's photo.


မန္တလေး သြဂုတ် ၁

၂ဝ၁၆ အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများကို သြဂုတ် ၂ ရက်တွင် မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပမည် ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ညနေ ၃ နာရီတွင် သြစတြေးလျ ယူ-၂ဝ အသင်းနှင့် လက်ရှိချန်ပီယံ ထိုင်းအသင်း၊ ညနေ ၆ နာရီတွင် ဗီယက်နမ်အသင်းနှင့် အိမ်ရှင် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယ နေရာရရှိသောကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ် ရေးဆွဲထားမှုအရ ပထမပွဲကစားရမည်ဖြစ်သော်လည်း ဒုတိယပွဲသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် တွေ့ဆုံနေသည့် ဗီယက်နမ်အသင်းသည် အုပ်စုပွဲစဉ်အားလုံး အနိုင်ရလာသည့် အသင်းဖြစ်ပြီး သွင်းဂိုး ၂ဝ ရှိကာ ပေးဂိုးလုံးဝမရှိသည့် အသင်းဖြစ်သည်။ မြန်မာအသင်းသည် ရှုံးပွဲမရှိ သေးသော်လည်း အုပ်စုနောက်ဆုံးပွဲတွင် သြစတြေးလျအသင်းနှင့် သရေကျခဲ့သောကြောင့် ဒုတိယနေရာသာ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ခြေစွမ်းပြနေသည့် ဗီယက်နမ်အသင်းနှင့်တွေ့ ဆုံနေရာ ဗိုလ်လုပွဲတက်ရောက်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ်ရှိနေသည်။

ထိုင်းနှင့် သြစတြေးလျပွဲမှာလည်း စိတ်ဝင်စားစရာကောင်းနေပြီး ထိုင်းနည်းပြချုပ် စပန်ဆာမှာ အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်ရမည် ဖြစ်သည်။ အာဆီယံ အမျိုးသမီး ပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည့် မြန်မာအမျိုး သမီးအသင်းသည် အအောင်မြင်ဆုံး ဂုဏ်ပုဒ်ကို ဆက်ထိန်းနိုင်ရန် ယခု ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ကြိုးပမ်းရမည်ဖြစ်သည်။
သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment