Monday, August 29, 2016

တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုများ ရပ်တန့်စေရေးအတွက် ခြေရာခံစနစ်ကို ထရန့်အဆင့်မြှင့်တင်မည်



ဝါရှင်တန် သြဂုတ် ၂၈

အမေရိကန်၏ ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း ခံထားရသူ ဒေါ်နယ်ထရန့်သည် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များတွင် ခြေရာခံ စစ်ဆေးမှုစနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် အာဏာပိုင်များကို ကူညီ မည်ဟု ပြောဆိုခဲ့သည်။
လိုဝါ၌ မဲဆွယ်စည်းရုံးရေးအတွက် ဟောပြောခဲ့ရာတွင် ထရန့်က ဗီဇာသက်တမ်း ကို ကျော်လွန်၍ နေထိုင်သူများကို ခြေရာခံသိရှိနိုင်မည့် အဝင်အထွက်လမ်းကြောင်း စနစ် အစီအစဉ်ကို အလေးအနက်ပြောဆိုခဲ့သည်။
ထရန့်သည် မက္ကဆီကိုတောင်ပိုင်း နယ်စပ်တစ်လျှောက် နံရံတစ်ခုတည်ဆောက် ရာတွင် ကူညီထောက်ပံ့မှုလုပ်ဆောင်သွားမည့်အကြောင်းကိုလည်း ထပ်ကာတလဲလဲ ပြောဆိုခဲ့သည်။ ပြည်သူတို့၏ အကျိုးစီးပွားအတွက် တရားမဝင်နိုင်ငံဖြတ်ကျော်ဝင် ရောက်မှုများ ရပ်တန့်စေရေး အစွမ်းကုန်လုပ်ဆောင်မည်ဟု ကတိပေးအပ်ခဲ့သည်။
''ဗီဇာသက်တမ်း ကုန်ဆုံးမှုကို ဥပဒေနဲ့အညီ အတည်ပြုဆောင်ရွက်မှု မရှိဘူး ဆိုရင် ကျွန်တော်တို့ရဲ့ နယ်စပ်ကို ဖွင့်ပေးလိုက်တာ၊ နယ်စပ်ကျိုးပေါက်တာနဲ့အတူတူပါပဲ''ဟု ¤င်းက ထပ်မံပြောကြားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment