Monday, August 29, 2016

နယ်စပ်ကျော်ဖြတ်သည့် စစ်ဆင်ရေးတွင် ကာ့ဒ်တိုက်ခိုက်ရေးသမားများ၏ပစ်ခတ်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး



 

အန်ကာရာ သြဂုတ် ၂၈

ဆီးရီးယားမြောက်ပိုင်း၌ တူရကီတို့ အပြင်းအထန် ထိုးစစ်ဆင်နွှဲခဲ့ရာတွင် တူရကီဘက်မှ ပထမဆုံးအကြိမ် ထိခိုက် ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ကာ့ဒ်တိုက်ခိုက်ရေးသမားများက တူရကီဘက်မှ တင့်ကားများကို ပစ်ခတ်မှုပြုလုပ်ခဲ့ရာ တူရကီ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားခဲ့ပြီး တင့်ကား သုံးစီးပျက်စီးသွားခဲ့ကြောင်း စစ်ဘက် ဆိုင်ရာ သတင်းရင်းမြစ်များမှ သိရ သည်။
တူရကီသံချပ်ကာ တင့်ကားများ သည် ယခုရက် အစောပိုင်းကာလအတွင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့များနှင့် ကာ့ဒ်တိုက်ခိုက်ရေး အင်အားစုများကို ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ရန် ဆီးရီးယားမြောက်ပိုင်းသို့ နယ်စပ်ဖြတ် ကျော်လာခဲ့သည်။
အလက်ပို၌ ဖြစ်ပွားခဲ့သည့် ဗုံးခွဲ တိုက်ခိုက်မှုများစွာအတွင်း ပြည်သူ ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ရကြောင်း နိုင်ငံ ရေးတက်ကြွ လှုပ်ရှားသူများက ပြော ကြားခဲ့သည်။
ဂျရာဘလပ်စ်နယ်စပ်မြို့အနီးတွင် စနေနေ့က ဖြစ်ပွားခဲ့သည့်တူရကီတင့်ကားများနှင့် ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့တို့ ၏ တိုက်ပွဲများအတွင်း တူရကီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရ သည်။
တူရကီ အရှေ့တောင်ပိုင်း ဒီရာဘာ ကာမြို့ လေဆိပ်အနီး စစ်ဆေးရေးဂိတ် တွင်လည်း စနေနေ့ ညနေပိုင်းက ဒုံး ကျည်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment