Monday, August 29, 2016

ကျောင်းကုန်းမြို့နယ် ရေဘေးသင့် ဗျိုက်ကြီးကျေးရွာသို့ ထောက်ပံ့ပစ္စည်းများလှူဒါန်း



Image may contain: 3 people , outdoor
ရန်ကုန် သြဂုတ် ၂၈
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည် သာစက်မှုဇုန် အပိုင်း(၁)၊ သာဓုကန် စက်မှုဇုန်၊ ဝါးတစ်ရာစက်မှုဇုန် စီမံ ခန့်ခွဲရေးကော်မတီနှင့် စက်မှုလုပ်ငန်း ရှင်များက ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရေဘေးသင့် ဗျိုက်ကြီးကျေးရွာအုပ်စု အိမ်ထောင်စု ပေါင်း ၆ဝ၅ စုကို ဆန်၊ ဆီ၊ ဆား၊ ရေသန့်ဘူးနှင့် မီးဖိုချောင်သုံးပစ္စည်း အမျိုးမျိုး စုစုပေါင်းကျပ် သိန်း ၈၇ဝ ကျော်ကို ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သြဂုတ် ၂၆ ရက်က လှူဒါန်းခဲ့ကြသည်။
မျိုးသန့်(IPRD)

No comments:

Post a Comment