Wednesday, August 31, 2016

ခင်ပွန်းဟောင်းရဲ့ ပွဲမှာ စပိန်သီချင်းနဲ့ စုံတွဲဖျော်ဖြေခဲ့တဲ့ တေးသံရှင် ဂျနီဖာလိုပက်ဇ်

Image may contain: 1 person
ကမ္ဘာကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ တေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင် ဂျနီဖာလို ပက်ဇ်ခေါ် ဂျေလိုဟာ သြဂုတ် ၂၇ ရက်က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့တစ်ချိန် က ခင်ပွန်းဟောင်း တေးသံရှင် မာ့ခ်အန်တိုနီရဲ့ ဂီတဖျော်ဖြေပွဲမှာ အတူပွဲထွက်လာခဲ့တဲ့ အတွက် မီဒီယာတွေရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပြန်ပါတယ်။
အသက်(၄၇)နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လှပနုပျိုနေဆဲ ဂျေလိုဟာ နယူးယောက်မြို့ရှိ Radio City Music Hall မှာ ကျင်းပတဲ့ အဲဒီဂီတဖျော်ဖြေပွဲမှာ သူ့ရဲ့တစ်ချိန်က ခင်ပွန်းဟောင်း အန်တိုနီနဲ့တွဲဖက်ပြီး No Me Ames လို့ အမည်ရတဲ့သီချင်းကို စပိန် ဘာသာနဲ့ စုံတွဲသီဆိုခဲ့ပါတယ်။
တေးသံရှင် ဂျေလိုနဲ့ မာ့ခ်အန်တိုနီတို့ဟာ ၂ဝဝ၄ ခုနှစ် ဇွန်လက လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦးထွန်းကားခဲ့ကာ ၂ဝ၁၄ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ခြင်းဖြစ်ပါတယ်။
တေးသံရှင် မာ့ခ်အန်တိုနီရဲ့ ဂီတဖျော်ဖြေပွဲအပြီးမှာ ကလေးနှစ်ဦးနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဂျေလိုရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အမေရိကန်မှုခင်းဒရမ်မာ ရုပ်သံဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်တဲ့ Shades of Blue မှာ ပါဝင်သရုပ်ဆောင်ထားပြီးResidency concerts များဖြစ်တဲ့ Jennifer Lopez: All I Have ကိုလည်း ဆက်လက် ကျင်းပလျက် ရှိပါတယ်။
မျိုးစန္ဒာမောင်

No comments:

Post a Comment