Tuesday, August 30, 2016

အင်္ဂလန်အတွက် နံပါတ်တစ်နေရာမှာ ဆက်ရှိနေဦးမယ့် ဂျိုးဟတ်

ကောင်းမြတ်သူ-စုစည်းသည်

မန်စီးတီးအသင်းမှာ နံပါတ်တစ်ဂိုးသမားနေရာကို စွန့်လွှတ်ခဲ့ရသော်လည်း ဂိုးသမား ဂျိုးဟတ်ကို အင်္ဂလန်နည်းပြသစ်ဖြစ်လာတဲ့ ဆမ်အလာဒိုက်စ်ကတော့ နံပါတ် တစ်နေရာမှာဆက်ထားဖို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

အသက် ၂၉ နှစ်ရွယ်ရှိတဲ့ ဂျိုးဟတ်ဟာ လာမယ့် သီတင်းပတ်မှာ မန်စီးတီးအသင်း ကနေ ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ အင်္ဂလန်နည်းပြ ဆမ်အလာဒိုက်စ်ကတော့ လာမယ့်စက်တင်ဘာလမှာ ဆလိုဗေးနီးယားနဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျိုးဟတ်ကို အင်္ဂလန်အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်လက်ရွေးချယ်လိမ့် မယ်လို့ ဆိုပါတယ်။ ဂျိုးဟတ်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ် ဆက် လက်အစွမ်းပြနေဆဲဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့အတူ ပွဲပေါင်း ၆၃ ပွဲပါဝင်ကစားခဲ့ သူလည်းဖြစ်ပါတယ်။ သူဟာ ၂ဝဝ၈ ခုနှစ်ကစပြီး အင်္ဂလန်အသင်းမှာ ပါဝင်ကစားခဲ့ ပါတယ်။ ရွန်းနေပြီးရင် ဂျိုးဟတ်ဟာ အင်္ဂလန်အသင်းမှာ ပွဲအများဆုံး ပါဝင်ကစား ခဲ့သူဖြစ်ပါတယ်။

No comments:

Post a Comment