Tuesday, August 30, 2016

၅၂ နှစ် ကြာမြင့်ပြီးသည့်နောက် ကိုလံဘီယာ၌ အပစ်အခတ်ရပ်စဲရေး သက်ဝင်ထိရောက်မှုရှိလာ




 
 
ဟာဗားနား သြဂုတ် ၂၉

ကိုလံဘီယာ၌ အစိုးရအဖွဲ့နှင့် လက်ဝဲသမားများဖြစ်သည့် အဓိကအတိုက် အခံအုပ်စုများအကြား က္ဘာ့အရှည်ကြာဆုံးသော ပုန်ကန်ထကြွမှုကြီးတစ်ခု အဆုံးသတ်တော့မည့် အပစ်အခတ်ရပ်စဲရေးစာချုပ်သည် အကျိုးသက်ရောက် မှု ရှိလာခဲ့ပြီဖြစ်သည်။

ကျူဘား၌ (FARC)သူပုန်များနှင့်အစိုးရအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လေးနှစ်အကြာတွင် ကိုလံဘီယာ၏ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တနင်္လာနေ့ည သန်းခေါင်ယံအချိန်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

၅၂ နှစ်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲများ ရပ်စဲခြင်း၏ အပြီးသတ် အဆင့် သဘောတူစာချုပ်ကို လာမည့်လတွင် လက်မှတ်ရေးထိုးမည်ဖြစ် ကြောင်း သိရသည်။ (FARC) အဖွဲ့ခေါင်းဆောင် ရိုဒရီဂိုလန်ဒိုနိုက တိုက်ခိုက် ပစ်ခတ်မှုများ ရပ်စဲရန်အမိန့်ပေးအပ်ခဲ့သည်။ ဘယ်မိဘမှ ¤င်းတို့သားသမီးများ စစ်ပွဲအတွင်းမှာသေဆုံးပြီး မြှုပ်နှံရတာမျိုးကို နောက်ထပ်ကြုံရတော့မှာ မဟုတ်ကြောင်း ရိုဒရီဂိုလန်ဒိုနိုက သတင်းစာဆရာများသို့ ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေးသဘောတူညီမှုကို ဟာဗားနား၌ ဗုဒ္ဓဟူး နေ့ကပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
(ဘီဘီစီ)

No comments:

Post a Comment