Tuesday, August 2, 2016

တိုကျိုမြို့ကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်သွားမည်ဟု တိုကျိုမြို့၏ ပထမဆုံးသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ကိုအိခဲ ကတိပြု

The Mirror Daily's photo.
တိုကျို သြဂုတ် ၁
တိုကျိုမြို့အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက် ခံရသည့် ယူရီကို ကိုအိခဲ က တနင်္ဂနွေနေ့က ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲတွင် ¤င်းအား ထောက်ခံရွေးချယ် ခဲ့ကြသည့်အတွက် ကျေနပ်နှစ်သက်မိကြောင်းနှင့် တိုကျို မြို့တော်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဟောင်း ကိုအိခဲက ရွေးကောက်ပွဲ ရလဒ်သည့် သူမျှော်လင့်ထားသည့် ရလဒ်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားသည်။ ကိုအိခဲသည် အနီး ကပ်ဆုံးပြိုင်ဘက်ဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဟောင်း ဟီရိုရာ မာဆူဒါကို မဲတစ်သန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး တိုကျိုမြို့တော်၏ ပထမဆုံးသော အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ကိုအိခဲသည် အင်္ဂါနေ့တွင် တိုကျိုမြို့တော်၏ အုပ်ချုပ်ရေးမှူးတာဝန် များကို စတင်ထမ်းဆောင်မည်ဖြစ်သည်။
ကိုအိခဲသည် လက်ရှိအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဖီဆန်ပြီး တစ်သီး ပုဂ္ဂလအဖြစ် အရွေးချယ်ခံခဲ့သူဖြစ်သည်။ ပါတီက မာဆူဒါ ကို ထောက်ခံခဲ့ခြင်းဖြစ်သည်။
''ထောက်ခံဆန္ဒမဲတိုင်းဟာ တန်ဖိုးရှိပါတယ်။ ရာထူးသစ်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ပတ်သက်ပြီး တာဝန် ယူမှုအပြည့်ရှိရမယ်လို့ နားလည်ထားပါတယ်။ တိုကျို မြို့တော် နယ်နိမိတ်အတွင်း ပွင့်လင်းမြင်သာမှုနဲ့ တရား မျှတမှုအတွက် အဓိကဖော်ဆောင်သွားမှာဖြစ်သလို ဒီဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်ဖို့အတွက် အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းသွားမှာဖြစ်ပါတယ်''ဟု ကိုအိခဲက ပြောကြားသည်။
ကိုအိခဲအရင် တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူ ယိုချီ မာဆူဇိုးသည် ငွေကြေးအရှုပ်တော်ပုံ ကြောင့် ရာထူးမှနုတ်ထွက်သွားခဲ့ရသည့်အတွက် တိုကျိုမြို့တော်အုပ်ချုပ်ရေးမှူးရာထူး ရွေးကောက်ပွဲကျင်းပရ ခြင်းဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment