Tuesday, August 2, 2016

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဗြိတိန်နိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၁

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး ၁၆ ပါးတို့အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H .E. Andrew Patrick သည် ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယကကျောင်းဆောင်၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ရပ်တည်ချက်၊ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဗြိတိန်သံအမတ်ကြီး၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာ တော်ကြီးများက ဘာသာရေး၊ သာသနာရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment